အေအိုင်နည်းပညာသည် လူ့အဖွဲ့အစည်းအပေါ် အန္တရာယ်ပေးနိုင်–ဘိုင်ဒင်

0
177

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဉာဏ်ရည်တု နည်းပညာ(အေအိုင်) သည် အန္တရာယ်ရှိသော်လည်း လူ့အဖွဲ့အစည်းအပေါ် မည်သို့အကျိုးသက်ရောက်မည်ကိုမူ စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘိုင်ဒင်သည် အင်္ဂါနေ့ (မနေ့)က သိပ္ပံနှင့် နည်းပညာဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များနှင့်အတူ ပြုလုပ်ခဲ့သော အစည်းအဝေးပွဲ အစတွင် နည်းပညာကုမ္ပဏီများအနေဖြင့် နည်းပညာတစ်ခုကို လူထုထံ မချပြမီ အန္တရာယ်ကင်းအောင် ပြုလုပ်ထားသင့်သည်ဟု ပြောခဲ့သည်။

ဆိုရှယ်မီဒီယာက လူငယ်များ၏ စိတ်ကျန်းမာရေးအပေါ် ထိခိုက်စေသည်ကို ကြည့်ခြင်းဖြင့် အန္တရာယ်ရှိသော နည်းပညာအသစ်များသည်လည်း အကာအကွယ်များ မရှိထားပါက လူသားများအပေါ် အန္တရာယ်ပေးလာနိုင်ကြောင်း ဘိုင်ဒင်က ဥပမာပေး၍ ပြောခဲ့သည်။

ဘိုင်ဒင်၏ အဆိုပါ မှတ်ချက်သည် အီလွန်မတ်စ်နှင့် အခြားသော နည်းပညာ ကျွမ်းကျင်သူများက နည်းပညာကုမ္ပဏီများအား အေအိုင်နည်းပညာသည် လူ့အဖွဲ့အစည်းနှင့် လူသားမျိုးနွယ်အပေါ် အန္တရာယ်ပေးလာနိုင်သောကြောင့် တိုးတက်အောင် လုပ်နေသည့်အပေါ် ခတ္တရပ်ဆိုင်းပေးရန် တောင်းဆိုနေသည်ကြားမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

Source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here