ဧပြီ ပန်းရောင်လပြည့် ယခု သီတင်းပတ်အတွင်း မြင်ရမည်ဟုဆို

0
223

ဧပြီလ၏ ပန်းရောင်လပြည့်ဝန်းကို ယခု သီတင်းပတ်အတွင်းတွင် တွေ့မြင်ကြရမည်ဟု နက္ခတ်သိပ္ပံပညာရှင်များကဆိုကြသည်။

အဆိုပါ ပန်းရောင်လပြည့်ကို ဗုဒ္ဓဟူးနေ့ညမှ စတင်မြင်တွေ့ကြရမည်ဖြစ်ပြီး၊ ကြာသပတေးနေ့ည သန်းကောင်ကျော် ၀၀း၃၄ နာရီတွင် အပြည့်ဝဆုံးအခြေအနေသို့ရောက်ရှိမည်ဖြစ်ကြောင်း နာဆာကပြောသည်။

“ဒါပေမယ့် အမှတ်တမဲ့ကြည့်လိုက်ရင်တော့ တခြားလပြည့်ဝန်းတွေလိုပဲလို့ မြင်ကြမှာပါ”ဟု နာဆာ၏ ဂြိုဟ်များဘူမိဗေဒ၊ ဘူမိရူပဗေဒနှင့် ဘူမိဓာတ်ခွဲခန်းအကြီးအကဲ ဒေါက်တာ နိုအာပက်ထရိုက ပြောသည်။

“လကို သေသေချာချာကြည့်ကြဖို့၊ တခြားလပြည့်တွေနဲ့ မတူတဲ့အရောင်၊ အလင်းအမှောင်ကျရောက်တဲ့ဒေသမတူတာတွေကို ကြည့်ဖို့ မှန်ပြောင်းတော့လိုပါတယ်။ အဲဒီလို ကြည့်ကြဖို့၊ အနည်းဆုံးတော့ နှစ်လုံးပြူးမှန်ပြောင်းလောက်နဲ့ အနီးကိုဆွဲယူပြီးကြည့်ကြဖို့ တိုက်တွန်းပါတယ်။ အဲဒီကွာခြားချက်တွေနဲ့အတူ လကျောက်သားတွေရဲ့ ကွဲပြားတဲ့ ဖွဲ့စည်းပုံတွေကို သတိပြုမိအောင် ကြည့်ကြဖို့ကိုလဲ တိုက်တွန်းပါတယ်”ဟု ဒေါက်တာ နိုအာ ပက်ထရိုကဖြည့်စွက်ပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here