အမြန်လမ်း ၁၁၅ မိုင်တွင် EV ဘတ်စ်ကား နှင့် EV အိမ်စီးကားများအတွက် EV Quick Charging Station ဖွင့်လှစ်

0
239

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ ၁၁၅ မိုင်တွင် EV ဘတ်စ်ကား နှင့် EV အိမ်စီးကားများအတွက် EV Quick Charging Station ကိုယနေ့ (ဧပြီလ ၅ ရက်)တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

Earth Renewable Energy Company Limited မှ တည်ဆောက်ထားသည့် လျှပ်စစ်မော်တော်ယာဉ် အားသွင်းရုံ (EV Quick Charging Station) (၃) ခုအနက်၊ယနေ့ဖွင့်လှစ်သည့် အားသွင်းရုံသည် တတိယတစ်ခုဖြစ်ကြောင်း သိရသည်။

Earth Renewable Energy Co., Ltd ၏ ယနေ့ ဖွင့်လှစ်သော တတိယမြောက် လျှပ်စစ်မော်တော်ယာဉ် အားသွင်းရုံ (EV Quick Charging Station) တွင် ယခင်ဖွင့်လှစ်ခဲ့သည့် (EV Quick Charging Station, 1/0 Mile နှင့် 201 Mile )များ နည်းတူ EV ဘတ်စ်ကားကြီး (၄)စီး နှင့် အိမ်စီးကား (၁၀)စီး စာအတွက် Quick Charger များတပ်ဆင်ထားရှိကြောင်း သိရသည်။

အဆိုပါဖွင့်ပွဲ အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဌာနဆိုင်ရာ အကြီးကဲများ၊ ဧည့်သည်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Earth Renewable Energy Co., Ltd အနေဖြင့် လျှပ်စစ်မော်တော်ယာဉ် အားသွင်းရုံ (EV Quick Charging Station)ကို ထပ်မံတည်ဆောက်သွားရန်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here