မြန်မာအမျိုးသမီးအသင်း အီရန်အသင်းကို (၁)ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်

0
231

၂၀၂၄ ပါရီ အိုလံပစ်၊ အမျိုးသမီးဘောလုံး အာရှဇုန် ခြေစစ်ပွဲ ပထမအကျော့အဖြစ် မြန်မာအမျိုးသမီးအသင်းနှင့် အီရန်အမျိုးသမီး လက်ရွေးစင်အသင်းတို့ ယနေ့ညနေ (၄) နာရီက သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်းသိရသည်။

အဆိုပါ ပွဲစဉ်တွင် အီရန် အမျိုးသမီး လက်ရွေးစင်အသင်းက မြန်မာအမျိုးသမီးအသင်းအား (၁)ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ကြောင်း သိရသည်။

မြန်မာအမျိုးသမီးအသင်းအနေဖြင့် ပွဲစဉ်ပထမပိုင်းတွင် တစ်ဖက်အသင်းအား အသာစီးဖြင့် ကစားနိုင်ခဲ့ပြီး အဆုံးသတ် အားနည်းချက်များကြောင့် ဂိုးများ မရရှိခဲ့ပဲ ဒုတိယပိုင်း ပွဲကစားချိန် (၅၁)မိနစ်တွင် မြန်မာအသင်း၏ လူကျွံဖမ်းကစားပုံ အားနည်းချက်မှတဆင့် အီရန်အသင်း၏ တစ်လုံးတည်းသော အနိုင်ဂိုးကို ရရှိသွားခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်းနှင့် အီရန်အသင်းတို့သည် ဒုတိယအကျော့အဖြစ်လာမည့် ဧပြီ(၈)ရက်၊ မြန်မာ စံတော်ချိန် ညနေ (၄) နာရီတွင် သုဝဏ္ဏဘောလုံးကွင်း၌ ယှဉ်ပြိုင် ကစားမည်ဖြစ်ပြီး နှစ်ပွဲပေါင်း ရမှတ်အများဆုံးရရှိသည့်အသင်းသည် ၂၀၂၄ ပါရီ အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အာရှဇုန် ခြေစစ်ပွဲ ဒုတိယ အဆင့်သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။

(၂)ပွဲကစားပြီး ရမှတ်တူနေပါက (၈) ရက်နေ့ ယှဉ်ပြိုင်မည့်ပွဲစဉ် အပြီးတွင် အချိန်ပို (၃၀) မိနစ်ဆက်လက် ကစားမည်ဖြစ်ပြီး ပွဲကစားချိန်အတွင်း အနိုင်အရှုံးရလဒ် မပေါ်ခဲ့လျင် ပင်နယ်တီ အဆုံးအဖြတ် ဆက်လက်ခံယူရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here