၂၀၂၃ ခုနှစ် (၃) လတာအတွင်း တရုတ် – မြန်မာနယ်စပ် ဝမ်တိန်နယ်စပ်ဂိတ်မှ ပို့ကုန် ၊ သွင်းကုန် ပမာဏ ယွမ် (၂) ဘီလီယံကျော်ရ

0
169

၂၀၂၃ ခုနှစ် ပထမ သုံးလပတ်အတွင်း တရုတ်-မြန်မာနယ်စပ် ဝမ်တိန်နယ်စပ်ဂိတ်မှ ပို့ကုန် ၊ သွင်းကုန် တန်ဖိုးပမာဏ ယွမ် ၂ ဘီလီယံ ကျော်ရရှိထားကြောင်း မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ မတ်လကုန်ထိ တရုတ် – မြန်မာန ယ်စပ် ဝမ်တိန်နယ်စပ်ဂိတ်မှ လူအဝင်အထွက် ၈၇၀၀၀ ကျော်နှင့် ကုန်တင်ယာဉ်မော်တော်ယာဉ် အစီးရေ ၆၇၀၀ ၀ ကျော်ကို စစ်ဆေးခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ယင်းအပြင် မော်တော်ယာဉ် ဝင်ထွက်သွားလာမှုသည် ယခင်နှစ်ကာလတူထက် ပိုမိုတိုးတက်လာခဲ့ပြီး စုစုပေါ င်း ပို့ကုန်၊သွင်းကုန်ပမာဏ တန်ချိန် ၈၄၉၀၀၀ ရှိကာ ကုန် ပစ္စည်းတန်ဖိုး ယွမ် ၂.၈၅၆ ဘီလီယံကျော် ရရှိထားကြော င်း တရုတ်သံရုံး၏ စာရင်းအချက်အလက်အရ သိရသ ည်။

မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံကို နယ်စပ်မှတစ်ဆင့် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ သစ်သီးဝလံအပါအဝင် လယ်ယာ ထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ကုန်များ တင်ပို့နေပြီး တရုတ်ပြည်မှ ဆောက်လုပ်ရေးလုပ်ငန်းသုံး၊ လျှပ်စစ်ပစ္စည်း၊ အိမ်သုံးပစ္စည်း၊ စက်မှုလုပ်ငန်းသုံးပစ္စည်းများနှင့် စားသောက်ကုန်များကို တင်သွင်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဝန်တိမ် နယ်စပ်ဂိတ်တွင် ကိုဗစ်မဖြစ်ပွားခင်က နေ့စဉ် ကုန်ကားအစီးရေ သောင်းချီ ဝင်ရောက်ခွင့်ရနေပြီး ယခုအခါ တရုတ်-မြန်မာ ကုန်သွယ်ရေးဇုန်ကြီးဖြစ်သည့် မူဆယ် (၁၀၅) မိုင် – ကျင့်စန့်ကျော့ ဂိတ်မှာပင် ကုန်ကားအ စီးရေ ကန့်သက်ချက်များနှင့် လုပ်ဆောင်နေကြောင်း နယ်စပ်ကုန်သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here