လင်းခေးမြို့ကို ဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင် လှုပ်ခတ် ၊ ဧပြီလအတွင်း ပထမဆုံးအကြိမ်အဖြစ်

0
193

ရှမ်းပြည်နယ် တောင်ပိုင်း၊ လင်းခေးမြို့ကို ဗဟိုပြု၍ အ င်အားအနည်းငယ်ရှိ ငလျင်တစ်ခု ယနေ့ ဧပြီလ (၆) ရက် နံနက်ပိုင်းက လှုပ်ခတ်ခဲ့ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ယနေ့နံနက် ၇ နာရီ ၁၂ မိနစ် ၂၁ စက္ကန့်က လင်းခေးမြို့၏ အနောက်မြောက်(၇)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ်(၂၀ ဒသမ ၃၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇ ဒသမ ၉၀) ဒီဂရီ၊ အနက်(၂) ကီလိုမီတာအား ဗဟိုပြု၍ အင်အားရစ် (ခ်)တာစကေး(၄ ဒသမ ၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသည့် ငလျင်တစ်ခုလှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ငလျင်သည် ဧပြီလအတွင်း မြန်မာနိုင်အတွင်းကုန်းတွင်းပိုင်း၌ ပထမဆုံးအကြိမ်အဖြစ် ဗဟိုပြုလှုပ်ခတ်သည့် ငလျင်တစ်ခုဖြစ်သည်။

မြန်မာနိုင်ငံအတွင်း၌ မတ်လနှင့် ရှေ့လများတွင်လည်း အင်အားအနည်းငယ်ရှိ ငလျင်များနှင့် အင်အားအသင့် အတင့်ရှိ ငလျင်များ အကြိမ်ရေများစွာလှုတ်ခတ်ခဲ့သည်ဟု မိုးဇလ၏ ထုတ်ပြန် ချက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here