မြန်မာ – ထိုင်းနယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ (၅)ဘီလီယံကျော် ရရှိထား

0
131

ပြီးခဲ့သည့် ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ်တွင် မြန်မာ – ထိုင်းနယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၂၇ ဘီလီယံကျော်ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းပမာဏမှာ ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ်ဖြင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၄၆၂ ဒသမ ၁၃ သန်းပိုမိုရရှိခဲ့ခြင်းဖြစ်ပြီး မြဝတီနှင့် ထီးခီးနယ်စပ်ဂိတ်တို့မှ ကုန်သွယ်မှု အများဆုံးပြုလုပ်ထားခြင်းဖြစ်‌ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနမှ သိရသည်။

မြန်မာ – ထိုင်းနယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် တာချီလိတ် နယ်စပ်ဂိတ်မှ ကန်ဒေါ်လာ ၁၄၈ သန်းကျော်၊ မြဝတီနယ်စပ်ဂိတ်မှ ကန်ဒေါ်လာ ၂ ဒသမ ၀၃ ဘီလီယံကျော်၊ ကော့သောင်းနယ်စပ်ဂိတ်မှ ၂၂၄ သန်းကျော်၊ မြိတ်နယ်စပ်ဂိတ်မှ ၁၃၂ သန်းကျော်၊ ထီးခီးနယ်စပ်ဂိတ်မှ ကန်ဒေါ်လာ ၂ ဒသမ ၇၂ ဘီလီယံကျော်နှင့် မောတောင်နယ်စပ်ဂိတ်မှ ကန်ဒေါ်လာ ၁၅ သန်းကျော်ရရှိထားကြောင်းဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသ ည်။

မြဝတီနယ်စပ်ဂိတ်မှတဆင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ကြက်သွန်နီ၊ ပဲတီစိမ်း၊ ငရုတ်(စို/ခြောက်)၊ ဆန် မှုန့်၊ ဆန်ကွဲ၊ ပြောင်း၊ မြေပဲ၊ မန်ကျည်းသီး(အစေ့ပါ)၊ ပီ လောပီနံ၊ ဂေါ်ဖီထုပ်၊ ရေထွက်ကုန်ပစ္စည်းများဖြစ်သည့် ခရု၊ ငါးတီး၊ ကျောက်ငါး၊ ငါးရှဉ့်၊ ဂဏန်း၊ ငါးပိ၊ ငါးဓါးလွယ်၊ ပုစွန်၊ ဂုံး၊ ငါးသလောက်၊ ငါးပါးနီ၊ ပင်လ ယ်ငါး‌ပြေမနှင့် CMP တင်ပို့မှာ အမျိုးသား၊ အမျိုးသမီးဝတ် အထည်အလိပ်များ တင်ပို့လျက်ရှိကြောင်း သိရသည်။

အများဆုံး ပို့ကုန်ပစ္စည်းများအနေဖြင့် CMP၊ SEZ (အထည်အလိပ်)၊ ဆန်မှုန့်၊ ပြောင်း၊ ဖြတ်စ(အလူမီနီ ယံဗူးခွံ)၊ မြေပဲ၊ ငါးပိ၊ ငရုတ်၊ မန်ကျည်းသီး(အစေ့ပါ)၊ ကြက်သွန်နီ၊ ရေထွက်၊ ဆန်ကွဲ၊ ပီလောပီနံ၊ ဂေါ်ဖီထုပ်၊ Transformer Main၊ စတီး(ငြမ်းစင်)၊ ပဲတီစိမ်း တို့ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here