တရုတ်က သတိပေးနေသည့်ကြားမှ ထိုင်ဝမ်သမ္မတနှင့် အောက်လွှတ်တော်ဥက္ကဋ္ဌ မက်ကာသီတို့ ကယ်လီဖိုးနီးယားတွင် တွေ့ဆုံ

0
153

ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ်နှင့် အမေရိကန် အောက်လွှတ်တော်ဥက္ကဌ ကယ်ဗင် မက်ကာသီတို့သည် ဧပြီလ ၅ ရက် ဗုဒ္ဓဟူးနေ့တွင် တရုတ်နိုင်ငံက သတိပေးနေသည့်ကြားမှပင် ကယ်လီဖိုးနီယားပြည်နယ် တောင်ပိုင်း၌ တွေ့ဆုံခဲ့ကြသည်။

၎င်းတို့နှစ်ဦးသည် ၁၉၈၂ ခုနှစ်တွင် အမေရိကနှင့် ထိုင်ဝမ်တို့ကြား အာမခံချက် ၆ ချက် ရရှိအောင် လုပ်ပေးရာတွင် အဓိကကျခဲ့သော သမ္မတ ရော်နယ် ရေဂင်ကို ဂုဏ်ပြုသည့်အနေဖြင့် ဆောက်လုပ်ထားသည့် စာကြည့်တိုက်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

စိုင်က ထိုင်ဝမ်ကို ဆက်လက် ထောက်ခံအားပေးနေသည့်အတွက် အမေရိကအား ကျေးဇူးတင်ကြောင်း၊ ထိုင်ဝမ်၏ ဒီမိုကရေစီသည် နောက်တစ်ကြိမ် ခြိမ်းခြောက်ခံနေရကြောင်း သတင်းထောက်များအား ပြောလာခဲ့သည်။

တရုတ်အရာရှိများက အဆိုပါတွေ့ဆုံမှုအား ရန်စခြင်းနှင့် တရုတ်၏ တစ်နိုင်ငံတည်းဟူသော မူဝါဒကို ချိုးဖောက်ခြင်း ဟုဆိုကာ ဝေဖန်ခဲ့သည်။

ထူးခြားချက်အနေဖြင့် စိုင်နှင့် မက်ကာသီတို့ တွေ့ဆုံခဲ့သည့် စာကြည့်တိုက်အပြင်ဘက်တွင် လူပေါင်း ၁၀၀ ကျော်ရှိသော တရုတ်နှင့် ထိုင်ဝမ် အားပေးထောက်ခံသူတို့ကြား သပိတ်မှောက် ပြိုင်ခဲ့ကြသည်။ “ထိုင်ဝမ်ဟာ တရုတ်ပြည်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်” ဟု ရေးထားသော စာကို သယ်ဆောင်လာသော လေယာဉ်သည်လည်း ထိုနေရာပေါ်၌ တဝဲလည်လည် ပျံသန်းနေခဲ့သည်။

ပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်နှင့် ပတ်သက်၍ တရုတ်က ထိုင်ဝမ်တစ်ဝိုက် စစ်ရေးလေ့ကျင့်မှုများ လုပ်ကာ တုံ့ပြန်ခဲ့သလိုမျိုး ထပ်မံ ပြုလုပ်သွားခြင်း ရှိ၊ မရှိကိုမူ စောင့်ကြည့်ရအုံးမည် ဖြစ်သည်။

Source: Nbcnews


LEAVE A REPLY

Please enter your comment!
Please enter your name here