တိုင်ဝမ်သမ္မတနှင့် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ တွေ့ဆုံမှုကိုရှုတ်ချခဲ့ပြီးနောက် တရုတ်၏ လှုပ်ရှားမှုများကို တိုင်ဝမ်စောင့်ကြည့်နေဟုဆို

0
291

ထိုင်ဝမ်သမ္မတ Tsai Ing-wen နှင့် US အောက်လွှတ်တော်ဥက္ကဋ္ဌ Kevin McCarthy တို့ တွေ့ဆုံမှုကို တရုတ်က ရှုတ်ချခဲ့ပြီးနောက် ထိုင်ဝမ်သည် တရုတ်လေယာဉ်တင်သင်္ဘောတစ်စီးကို အနီးကပ်စောင့်ကြည့်နေလျှက်ရှိပြီး ထိုင်ဝမ်ရေလက်ကြားရှိ သင်္ဘောများကိုလည်း စစ်ဆေးရန်ပြုလုပ်ခဲ့သည်။

တရုတ်နိုင်ငံပိုင် လေယာဉ်တင်သင်္ဘော Shandong ကို ဗုဒ္ဓဟူးနေ့တွင် တွေ့ရှိခဲ့ပြီး လက်ရှိတွင် ထိုင်ဝမ်အရှေ့ဘက်ကမ်းရိုးတန်းမှ ရေမိုင် ၂၀၀ အကွာတွင် ရှိနေကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး Chiu Kuo-cheng က တိုင်ပေပါလီမန်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

အမေရိကန်ခေါင်းဆောင်အဆင့်တွင်တတိယအဆင့်အမြင့်ဆုံးဖြစ်သည့် အောက်လွှတ်တော်ဥက္ကဌ Kevin McCarthy နှင့်အခြားရီပတ်ဘလစ်ကန်နှင့်ဒီမိုကရက်တစ်အမတ်များတို့သည် ကယ်လီဖိုးနီးယား Simi Valley ရှိ Ronald Reagan စာကြည့်တိုက်တွင်ဗုဒ္ဓဟူးနေ့က တိုင်ဝမ်သမ္မတ Tsai နှင့်တွေ့ဆုံခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here