စီးကရက်အတု စွဲနေသူလူငယ်တစ်ဦး အဆုတ်ပျက်စီးသွားဟုဆို

0
164

ဗာဂျီးနီးယားမှ Vape ခေါ် စီးကရက်အတု စွဲနေသူလူငယ်တစ်ဦးက vape ကို အမြဲတမ်းလိုလိုသောက်နေသည့် ၎င်း၏အလေ့အကျင့်ကြောင့် အဆုတ်သည်လေးဆပျက်စီးသွားကြောင်းပြောကြားခဲ့သည်။အသက် ၁၉ နှစ်သာရှိသေးသည့် ဒရာဗင်ဟက်ထ်ဖီးလ်သည် ၎င်းအသက် ၁၃ နှစ်အရွယ်မှစ၍ vape ကိုစသောက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အဆုတ်ရောဂါဖြစ်သဖြင့်ဆေးရုံတက်ရချိန်၌ ဆရာဝန်များ၏ပြောကြားချက်အရ vape သောက်ခြင်းကြောင့် အဆုတ်ပျက်စီးသည့်ပမာဏသည် တစ်ရက်လျှင်စီးကရက်သုံးဗူးနှုန်းနှင့် နှစ်ပေါင်း ၃၀ ခန့်စွဲသောက်မိသဖြင့်ပျက်စီးသည့်ပမာဏနှင့်အတူတူပင်ဖြစ်သည်ဟုဆိုသည်။

Vape ကြောင့်အဆုတ်ပျက်စီးမှုလက္ခဏာများ၌ ရင်ဘတ်စူးအောင့်ခြင်း၊ ချောင်းဆိုးခြင်းကြောင့်ဖြစ်သောရင်ဘတ်အောင့်ခြင်းနှင့်နှလုံးခုန်မြန်ခြင်းနှင့် ပင်ပမ်းနွမ်းနယ်ခြင်းတို့လည်းပါဝင်သည်။

ယင်းသို့၎င်း၏အဆုတ်များအဆမတန်ပျက်စီးခဲ့ပြီးနောက် vape သောက်ခြင်းကိုစွန့်လွှတ်တော့မည်ဖြစ်ကြောင်း မစ္စတာဒရာဗင်ကပြောကြားခဲ့သည်။ “ကျွန်တော်တကယ်လန့်သွားပါတယ်၊တကယ်တမ်းသိထားတာက စီးကရက်ထက် vape က အန္တရာယ်ကင်းတယ်လို့သိထားတာပါ” ဟုလည်း၎င်းကဆိုသည်။

ထို့နောက် ၎င်းက vape နှင့်စီးကရက်ကိုဖြတ်ရန်အတွက် နီကိုတင်းပါဝင်သည့် ပီကေဖြင့်အစားထိုးကာဖြတ်ခဲ့ကြောင်းဆိုခဲ့သည်။ vape သည် စီးကရက်ထက် ဘေးထွက်ဆိုးကျိုးနည်းသည်ဟု NHS ကပြောကြားခဲ့သည်။

vape က သာမန်စီးကရက်ထက် အဆိပ်တောက်ဖြစ်မှုကိုလျှော့ချပေးနိုင်သဖြင့် ကင်ဆာ၊အဆုတ်၊နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါများဖြစ်ပွားမှုကိုလျှော့ချပေးနိုင်သည်ဟုဆိုကြသည်။

သို့သော် vape ကလည်း လုံးဝအန္တရာယ်ကင်းခြင်းမျိုးတော့မဟုတ်ပေ။vape တွင် ဆေးရွက်ကြီးထုတ်ကုန်များပမာဏမြင့်မားစွာပါဝင်နေသေးသဖြင့် အန္တရာယ်ရှိသောအဆိပ်အတောက်များလည်းပါဝင်နေသေးသည်ဟု ပိုလန်နိုင်ငံဆေးဘက်ဆိုင်ရာတက္ကသိုလ်မှသုတေသီများ၏လေ့လာချက်အရသိရသည်။

Source : Daily Mail


LEAVE A REPLY

Please enter your comment!
Please enter your name here