ဘရာဇီး၌ အုတ်ဂူအတွင်း အသက်မသေပဲမြေမြှုပ်ခံထားရသည့်အမျိုးသမီးကို ကယ်တင်နိုင်ခဲ့

0
358

ရီယိုဒီဂျနေးရိုးလ်၊ဧပြီ ၅

ဘရာဇီးရှိသင်္ချိုင်းတစ်ခု၏အုတ်ဂူထဲ၌ အသက်မသေပဲမြေမြှုပ်ခံထားရသည့် အသက် ၃၆ နှစ်အရွယ်ရှိသည့် အမျိုးသမီးတစ်ဦးအား ပြန်ကယ်တင်နိုင်ခဲ့ပြီး သံသယတရားခံအမျိုးသားနှစ်ဦးကိုပါ ဖမ်းဆီးခဲ့ကြောင်းသိရသည်။

ကလေးလေးယောက်၏မိခင်ဖြစ်သည့် အဆိုပါအမျိုးသမီးအား အကြမ်းဖက်သမားများကရိုက်နှက်ပြီး နေအိမ်မှဆွဲထုတ်ခဲ့ကာ အရှေ့တောင်ပိုင်းပြည်နယ်တစ်ခုရှိ သင်္ချိုင်းတစ်ခု၏အုတ်ဂူထဲထည့်ပိတ်ကာစွန့်ပစ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအမျိုးသမီးသည် မြေအောက်အုတ်ဂူထဲ၌ ဆယ်နာရီကြာအသက်ရှင်ခဲ့ပြီး သုဘရာဇာများက ဖျော်ထားတာမကြာသေးသည့်ဘိလပ်မြေနှင့် သွေးများတွေ့ရသဖြင့် သံသယမကင်းဖြစ်နေချိန်၌ အုတ်ဂူထဲမှ ၎င်း၏အော်ဟစ်အကူညီတောင်းသံအား ကြားခဲ့ကြရခြင်းဖြစ်ကြောင်းဆိုသည်။

သံသယတရားခံနှစ်ဦးသည် ရီယိုဒီဂျနေးရိုးမှထွက်ပြေးရန်ကြိုးစားနေစဉ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ပြီး ကျူးလွန်ခံရသူအမျိုးသမီး၏ထွက်ဆိုချက်အရ ၎င်းတို့အပ်ထားသည့် လက်နက်နှင့်မူးယစ်ဆေးဝါးများကို နေရာမှားသိမ်းဆည်းမိသဖြင့် ယခုကဲ့သို့ပြုလုပ်ကြခြင်းဖြစ်သည်ဟုသိရသည်။

ယခုဖမ်းမိထားသူနှစ်ဦးလုံးသည် ယခင်ကလက်နက်နှင့်မူးယစ်ရောင်းဝယ်မှုများဖြင့် အဖမ်းခံဖူးသူများလည်းဖြစ်သည်။ယခုအမှု၌ ကျူးလွန်သူသုံးဦးဖြစ်ပြီး ကျန်တစ်ဦးထွက်ပြေးလွတ်မြောက်သွားသည့်အတွက် ပိုက်စိပ်တိုက်ရှာဖွေနေသည်ဟုလည်းတာဝန်ရှိသူများကဆိုသည်။

အဆိုပါအမျိုးသမီးသည် ဦးခေါင်းဒဏ်ရာရရှိခဲ့ပြီး သူမ၏လက်ချောင်းတစ်ချောင်းကိုလည်းဆုံးရှုံးရနိုင်ခြေရှိသည်ဟုဆိုသည်။ကျူးလွန်ခံရသူသည် သွေးကြောခွဲစိတ်မှုလုပ်ရနိုင်ပြီး လိုအပ်ပါကဖြတ် တောက်လုပ်ရနိုင်သည်ဟုလည်းပြောကြသည်။

Source : Dailymail


LEAVE A REPLY

Please enter your comment!
Please enter your name here