မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် ရွေးချယ်လိုက်တဲ့ ရွှေကြို အယောက် ၃၀

0
612

သုံးနှစ်စာမြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် အကယ်ဒမီရွှေကြိုမောင် မယ်များ အဖြစ် ရွေးချယ်ခံရသူ စာရင်းကို ဒီကနေ့ ဧပြီလ ၆ရက်နေ့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး မှ တရားဝင်ထုတ်ပြန်ကြော်ငြာခဲ့ပါတယ်။

သုံးနှစ်စာ ရွှေကြို အတွက် နောက်ဆုံးပါဝင်ရမယ့် ရွှေကြိုမောင်မယ်များကို အကယ်ဒမီရန်အောင်၊အကယ်ဒမီရဲအောင်၊အကယ်ဒမီခန့်စည်သူ၊အကယ်ဒမီမေသန်းနု၊အကယ်ဒမီ မေသဉ္ဇာဦး၊အကယ်ဒမီ စိုးမြတ်သူဇာ တို့က အကဲဖြတ်ဒိုင်များအဖြစ် ရွေးချယ်ပေးခဲ့ပြီး ရွေးချယ်ခံရသူများရဲ့ အမည်များ က တော့ ပိုင်စစ်မှူး၊ပိုင်သစ်၊ရှင်ဘုန်းပြည့်၊အောင်အောင်၊ဇေယျတု၊ထူးနိုင်လင်း၊မင်းသန့်၊လွန်း၊ပိုင်ခန့်ဇော်၊နေအုပ်စိုးအောင်၊မောင်နေ၊မြတ်သုခ၊သုတဦး၊ပြည့်သုခ၊နေယံလင်း၊ဆီဆန်ကျော်ဇော၊ရွှန်းလဲရည်ဖူး၊နိုနိုပြည့်ဝေလျှံ၊အေးချမ်းမြတ်၊Ella ရွှေစင်၊နွေးပြည့်ပြည့်ထက်ပိုင်ဦး၊ယွန်းယမုံဦး၊ဇင်စန္ဒာထွန်း၊ခြူးယမုံသော်၊ဇင်မိုးပြည့်၊ဇွန်ရှင်းခန့်ဝင့်ဝါ၊ဖြူဖြူသင်း၊အင်ကြင်းမြင့်မြတ်၊နံ့သာစိုး၊နိုနိုမေ၊ယွန်းအိမွန်၊မိမွန်မြတ်သူ တို့ ဖြစ်တယ်လို့သိရပါတယ်။

မေလ ၆ရက်နေ့မှာကျင်းပမယ့် အကယ်ဒမီ ဆုပေးပွဲအတွက် ယခု အယောက်၃၀ကိုထပ်မံရွေးချယ်ခဲ့ပြီး ယခင်က ရွှေကြို ၁၀ဦး ပေါင်း ၄၀ဦး ကို သကြင်္နကာလပြီးတဲ့အချိန်မှာ စတင် လေ့ကျင့်သင်ကြားပေးမယ်လို့သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here