ဖိလစ်ပိုင်၌ သေဆုံးပြီးတိရစ္ဆာန်လေးများနှင့်တထေရာတည်းတူသည့်အရုပ်များပြုလုပ်ရောင်းချ

0
202

မနီလာ၊ဧပြီ ၆

ဖိလစ်ပိုင်မှအရုပ်လုပ်သူတစ်ဦးသည် သေဆုံးသွားပြီးဖြစ်သော တိရစ္ဆာန်လေးများနှင့်တထေရာတည်းတူသည့် မွှေးပွအရုပ်လေးများကိုပြုလုပ်ရောင်းချပေးနေကြောင်းသိရသည်။

ထို့ကြောင့် ခွေး၊ကြောင်၊ယုန်နှင့်ဟမ်းစတား အစရှိသည့်‌ သေဆုံးပြီးသားအိမ်မွေးတိရစ္ဆာန်လေးများ၏သခင်များက ၎င်းတို့အချစ်တော်တိရစ္ဆာန်လေးများ၏ဓာတ်ပုံများပေးပို့ကာ ပုံစံတူအရုပ်လုပ်ပေးရန်မှာကြားမှုများ အများအပြားရှိကြောင်းသိရသည်။

အရုပ်ပြုလုပ်သူမစ္စတာတန်နှင့်၎င်း၏ဝန်ထမ်းအယောက် ၂၀ တို့သည် သေဆုံးပြီးတိရစ္ဆာန်လေးများနှင့် အရောက်အသွေး အဆင်၊အကွက်ကအစ အသေးစိတ်တထေရာတည်းတူညီစေရန် ဓာတ်ပုံထဲကအတိုင်းအ‌မွှေးတုများဖြင့်ပြုလုပ်ဖန်တီးပေးကြသည်။

ယင်းနောက်မစ္စတာတန်က ၎င်း၏လုပ်ငန်းသည်တိရစ္ဆာန်လေးများ၏ အရေခွံကိုထိန်းသိမ်းထားနိုင်သည့် တက္ကစီဒါမီနည်းလမ်းနှင့် မတူကွဲပြားသည်ဟုလည်းဆိုခဲ့သည်။

မစ္စတာတန်တို့ပြုလုပ်သောအရုပ်များသည် အမွှေးပွအရုပ်များသာဖြစ်ပြီး တစ်ရုပ်လျှင် ၃,၅၀၀ ပီဆို (၆၅ ဒေါ်လာ) ကုန်ကျကြောင်းသိရှိရသည်။

Source : ရိုက်တာ/အာစီ


LEAVE A REPLY

Please enter your comment!
Please enter your name here