အမျိုးသမီး အလေးမ ဝင်ပြိုင်ပြီး စံချိန်အသစ်ချိုးပြခဲ့တဲ့ မုတ်ဆိတ်မွေးနဲ့ အမျိုးသား

0
222

ပရော်ဖက်ရှယ်နယ် အမျိုးသား အလေးမသမား တစ်ဦးဟာ ကနေဒါမှာ ကျင်းပတဲ့ အမျိုးသမီး အလေးမ အားကစားပြိုင်ပွဲတစ်ခုမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပထမနေရာကို အလွယ်တကူ ရယူပြခဲ့ပါတယ်။

ကနေဒါ အလေးမ အားစားအဖွဲ့ရဲ့ နည်းပြချုပ်ဖြစ်တဲ့ အာဗီ ဆေးလ်ဗားဘတ် ဟာ ပြီးခဲ့တဲ့ အပတ် စနေနေ့က အယ်လ်ဘာတာ ပြည်နယ်၊ လက်ဘရစ်ချ်မြို့မှာ ကျင်းပတဲ့ အလေးမ အားကစားပြိုင်ပွဲမှာ သူ့ကိုယ်သူ မိန်းမ ဆိုပြီး ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။

ဆေးလ်ဗားဘတ် ဟာ မုတ်ဆိတ်မွေးနဲ့ လူထွားကြီးဖြစ်ပြီး ဘယ်လိုကြည့်ကြည့် မိန်းမ တစ်ယောက်နဲ့ မတူပါဘူး။ ဒါပေမယ့် ပြိုင်ပွဲရဲ့ စည်းကမ်းချက်အရ ပြိုင်ပွဲဝင်တွေဟာ ယောကျ်ား ဖြစ်နေရင်တောင် ဟော်မုန်း ပြောင်းဆေး ထိုးတာမျိုး၊ လိင်ပြောင်းတာမျိုး လုပ်စရာမလိုဘဲ အမျိုးသမီးဆိုပြီး ခံယူထားရုံနဲ့ ဝင်ပြိုင်နိုင်တယ်လို့ သိရပါတယ်။

ဒါကြောင့် ဆေးလ်ဗားဘတ် ဟာ ယောကျ်ားနဲ့ မိန်းမတွေကြား ခွန်အားပိုင်ဆိုင်ရာမှာ မွေးရာပါ ကွာခြားချက်ရှိ ရုံနဲ့ ကိုယ့်ကိုယ်ကို မိန်းမလို့ သတ်မှတ်ရုံနဲ့ အမျိုးသမီး ပြိုင်ပွဲတွေမှာ ပါဝင်ခွင့် မပြုသင့်ဘူးဆိုတာကို ပြသလိုတဲ့ အနေနဲ့ ယှဉ်ပြိုင်ခဲ့ပုံ ရပါတယ်။

သူဟာ ဘားရှည် ရင်အုပ် အလွတ်တွန်း ကစားနည်းမှာ ပေါင် ၃၇၀ နီးပါးကို မပြပြီး စံချိန်ချိုးခဲ့ပါတယ်။ ဆေးလ်ဗားဘတ် မတိုင်ခင် အန် အန်ဒရေ့စ် ဆိုသူ လိင်ပြောင်း အမျိုးသမီးက ပေါင်ချိန် ၂၇၅ နဲ့ စံချိန်တင်ထားခဲတာပါ။

ဒီဖြစ်ရပ်ဟာ အလေးမသမားတွေကြား လူပြောများစရာဖြစ်ခဲ့ပြီး အချို့ကလည်း ဆေးလ်ဗားဘတ်ကို ဝေဖန်နေကြသလို အချို့ကလည်း ဒါဟာ ယောကျ်ား၊ မိန်းမနဲ့ လိင်ပြောင်းသူတွေကြား အားကစားနဲ့ ပတ်သက်လာရင် ကွဲကွဲပြားပြားဖြစ်အောင် လုပ်သင့်တယ်ဆိုတာကို ညွှန်ပြနေတယ်လို့ ပြောလာပါတယ်။

Source: Odditycentral


LEAVE A REPLY

Please enter your comment!
Please enter your name here