ဟံသာဝတီကားမှတ်တိုင်အနီးတွင် အငှားယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား ခရီးသည် ၂ ‌ဦးဒဏ်ရာရ

0
183

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဟံသာဝတီကားမှတ်တိုင်အနီးတွင် အငှားယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် ခရီးသည် ၂ ‌ဦးဒဏ်ရာရရှိမှု ယမန်နေ့ (ဧပြီလ ၆ ရက်) ညပိုင်းက ဖြစ်ပွားခဲ့သည်။

ပြည်လမ်းမကြီး၊ ဟံသာ၀တီကားမှတ်တိုင်းအနီး မြို့ထဲဘက်သို့ သွားသည့်အခြမ်းတွင် ယမန်နေ့ည ၁၀ နာရီ ၂၅ မိနစ်အချိန်ခန့်က ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

” ဟံသာ၀တီအဝိုင်းကို အရှိန်နဲ့ဝိုက်လာပြီး‌ အရှိန်မထိန်းနိုင်ပဲ တိုက်မိတာ၊ သူတို့ကားဖိုက် (ကားပြိုင်မောင်း) လာတယ်လို့ သိရတယ်၊ လမ်းလယ်ကျွန်းကိုတိုက်မိပြီး ဟိုဘက်အခြမ်းတောင်ရောက်သွားသေးတယ်၊ ကားကတော်တော်လေးပျက်စီးသွားပေမယ့် လူထိခိုက်မှု သိပ်မရှိပါဘူး” ဟု စမ်းချောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် အငှားယာဉ်မှာ ထိခိုက်ပျက်စီးမှုများသော်လည်း ခရီးသည် ၂ ဦးသာ အနည်းငယ်ဒဏ်ရာရရှိခဲ့ကာ စမ်းချောင်းမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် စမ်းချောင်းအရန်မီးသတ်တို့မှ ကယ်ဆယ်ရေးယာဥ်တစီး၊အရေးပေါ်လူနာတင်ယာဥ်တစီးဖြင့်ကူညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ခဲ့ရသည်။

ဓာတ်ပုံ – စမ်းချောင်းမြို့နယ် ကြက်ခြေနီ


LEAVE A REPLY

Please enter your comment!
Please enter your name here