ကျန်းမာရေးဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာန (၄) ခုမှ အလုပ်အကိုင် (၁၉၉) နေရာအတွက် လျှောက်လွှာများ ခေါ်ယူနေ

0
230

ကျန်းမာရေးဝန်ကြီးဌာနနှင့် လျှပ်စစ်ဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန (၄) ခုက အလုပ်အကိုင် နေရာ (၁၉၉) ခုအတွက် လျှောက်လွှာများ ခေါ်ယူနေကြောင်း သိရသည်။

ယင်းကဲ့သို့ လစ်လပ်လျက်ရှိသည့် အလုပ်အကိုင်ရာထူး (၁၉၉)ခုအတွက် လျှောက်လွှာခေါ်ယူနေသည့် ဝန်ကြီးဌာန (၄) ခုထဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့လည်း ပါဝင်နေကြောင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ၏ ဧပြီ (၃) ရက်ကထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။

အဆိုပါ ကြေညာချက်အရ ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနအတွက် ဆရာဝန်(သရုပ်ပြ)ရာထူး (၉၇) နေရာ၊ ဆရာဝန် (သွားနှင့်ခံတွင်း) (သရုပ်ပြ) ရာထူး (၃၀) နေရာ၊ တိုင်းရင်းဆေးတက္ကသိုလ်၊တိုင်းရင်းဆေးပညာဦးစီးဌာနအတွက် ဆရာဝန် (သရုပ်ပြ) ရာထူး (၁၃) နေရာ၊ အစားအသောက်နှင့်ဆေးဝါးကွတ်ကဲရေး ဦးစီးဌာနအတွက် ဦးစီးအရာရှိ (အစားအ သောက်)ရာထူး (၂၀) နေရာ၊ ဦးစီးအရာရှိ (ဆေးဝါး) ရာထူး (၁၆) နေရာ၊ ဦးစီးအရာရှိ (ဆေးပစ္စည်း/အလှကုန်) (၆)နေရာအတွက် လျှောက်လွှာများခေါ်ယူနေခြင်း ဖြစ်သည်။

ထို့အပြင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟို ပို့ဆောင်ဆက်သွယ်ရေး ကျောင်းအတွက် ဆရာဝန် (၁) နေရာ၊ မြန်မာ့မီးရထားအတွက် လက်ထောက်ဆရာဝန် (၁၂) နေရာ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန/ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းအတွက် ဆရာဝန်(အမျိုးသား) (၁) နေရာ၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအတွက် လက်ထောက်ဆရာဝန် (၁) နေရာ၊ စက်မှုဝန်ကြီးဌာန၏ မြန်မာ့ဆေးဝါးလုပ်ငန်းအတွက် အလုပ်ရုံခွဲမှူး (၂) နေရာတို့အတွက်လည်း ခေါ်ယူလျက်ရှိထားကြောင်း သိရသည်။

အဆိုပါ လစ်လပ်နေရာများအတွက် ဝင်ရောက်လျှောက်ထားလိုသူများအနေဖြင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရုံး (နေပြည်တော်)၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ (ရန်ကုန်ရုံးခွဲ)၊ တိုင်းနှင့် ပြည်နယ်အစိုးရ အဖွဲ့ရုံးများတွင် လျှောက်လွှာများ ဝယ်ယူလျှောက်ထားနိုင်ကြောင်း သိရသည်။

လျှောက်လွှာ လျှောက်ထားမည့်သူများအနေဖြင့် လူကိုယ်တိုင်ဖြစ်‌စေ စာတိုက်မှတစ်ဆင့်ဖြစ်စေ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇) နေပြည်တော်သို့ Online စနစ်ဖြင့် e-Recruitment and Selection System (e-R SS) (UCSBe-RSS Mobile Application နှင့် UCSBe- RSS Web Based) တို့ကို အသုံးပြုကာ မေ (၁၀) ရက်နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်သည်။

အသေးစိတ် အချက်အလက်များအား မေးမြန်းလိုပါက ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာန၊ ရွေးချယ်ရေးဌာနစိတ် ဖုန်း ၀၆၇-၃၄၀၉၀ ၅၂ / ၀၆၇-၃၄၀၉၄၃၀ / ၀၉-၄၂၄၄၀၈၉၅၄ / ၀၉-၄၂၀၇ ၀၆၆၀၅ / ၀၉-၄၂၀၇၀၆၆၀၆ / ၀၉-၇၉၇၇၂၇၆၉၆ / ၀၉-၄၄၁၉၃၇၃၄၃ နှင့် ၀၉-၂၆၂၅၀၂၉၈၈ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here