တက္ကစီ ယာဉ်မောင်းအား အုတ်ခဲဖြင့်ထုကာ ကားနှင့် ငွေလုပြေးမှု မင်္ဂလာဒုံတွင် ဖြစ်ပွား

0
274

တက္ကစီ ငှားစီးလာသူ (၂) ဦးက ယာဉ်မောင်းအား အုတ်ခဲဖြင့် ထုကာ ကားနှင့် ငွေအချို့ကို လုပြေးသည့် ဖြစ်စဉ်တစ်ခု ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ဇေကမ္ဘာအိမ်ရာဝင်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဧပြီ (၆) ရက်ညနေ (၄) နာရီ ဝန်းကျင်က ဇေကမ္ဘာအိမ်ရာဝင်း၊ ဇေကမ္ဘာ (၅) လမ်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မေတ္တာအလင်း လူမှုကူညီရေးအသင်းမှ သိရသည်။

ယမန်နေ့ ညနေ (၄) နာရီ ဝန်းကျင်က ဇေကမ္ဘာ (၅) လမ်း တွင် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများဖြင့် လဲကျနေကြောင်း သတင်းအရ မေတ္တာအလင်း လူမှုကူညီရေးအသင်းက သွားရောက်ကူညီခဲ့ကြရာမှ ထိခိုက်ဒဏ်ရာရသူမှာ တက္ကစီယာဉ်မောင်းတစ်ဦးဖြစ်ကြောင်း သိရှိခဲ့ရသည်ဟု ယင်းအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

“လုယက်ခံရတဲ့ ကားက AD Van(ခဲဖြူရောင်)ကားပါ။ သူ့ကို လုယက်တဲ့ (၂) ယောက်က လူငယ်တွေလို့ပြောတယ်။ ကားကိုလုယူသွားသလို မောင်းလို့ရတဲ့ ပိုက်ဆံတွေလည်းယူသွားတယ်။ Taxi မောင်းတဲ့လူက အသက် (၆၇)နှစ်ရှိပါပြီ “ဟု ၎င်းက ပြောသည်။

ဖြစ်စဥ်နှင့် ပတ်သက်၍ ယာဉ်မောင်းဖြစ်သူအားမေးမြန်းရာ ဇေကမ္ဘာအိမ်ရာဝင်း အတွင်းသို့ ရောက်ရှိချိန်တွင် ကားငှာစီးလာသူ (၂) ဦးအနက် နောက်မှလိုက်ပါလာသူက ကြိုးဖြင့်တုပ်ကာ အုတ်ခဲဖြင့်ထုခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ အုပ်ခဲဖြင့် ထုပြီးနောက် ငွေကျပ် (၅) သောင်းနှင့် ကားအားလုယက်ယူဆောင်၍ မောင်းနှင်ထွက်ပြေးကာ ယာဉ်မောင်းသူအား ဇေကမ္ဘာ (၅) လမ်းတွင် ပစ်ချထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here