အရက်အတူသောက်စဥ် စကားများရန်ဖြစ်ပြီး ထိုင်းနိုင်ငံသားအား တုတ်ဖြင့်ရိုက်သတ်ခဲ့သည့် မြန်မာနိုင်ငံသားဖမ်းဆီးခံရ

0
248

ထိုင်းနိုင်ငံ၊ နခေါစဝမ်ခရိုင်တွင် အရက်အတူသောက်စဥ် စကားများရန်ဖြစ်ရာမှ ထိုင်းနိုင်ငံသားအား တုတ်ဖြင့် ရိုက်သတ်ခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

နခေါစဝမ်ခရိုင်ရှိ စမ်ဖိန်ချောင်းအတွင်း ဧပြီ (၅) ရက်က ပုပ်ပွသေဆုံးနေသည့် အမျိုးသား (၁)ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့သဖြင့် တာဝန်ရှိသူများမှ လာရောက်စစ်ဆေးရာ ရိုက်နှက်ခံထားရသည့်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

စစ်ဆေး‌တွေ့ရှိချက်အရ သေဆုံးသူမှာ ဧပြီ (၃) ရက်က ရဲစခန်း၌ လူပျောက်တိုင်ထားသည့် အသက်(၄၉) နှစ်အရွယ်ရှိ နိုင်မုန်ခွန်ဆိုသည့် ထိုင်းလူမျိုးဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။

အဆိုပါ ထိုင်းလူမျိုး နိုင်မုန်ခွန်သည် ဧပြီ (၂) ရက်က အသက် (၄၉) နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား စောအကျွန်ဆိုသူနှင့် အရက်အတူသောက်နေစဉ် စကားများ ရန်ဖြစ်ရာမှ သစ်သားချောင်းဖြင့် လည်ဂုတ်အား ရိုက်နှက်သတ်ဖြတ်ခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူရှိ သံသယရှိသဖြင့် ဖမ်းဆီးခံထားရသူ စောအကျွန် (၄၉) နှစ်အား စစ်ဆေးချက်များအရ နိုင်မုန်ခွန်ဆိုသည့် ထိုင်းနိုင်ငံသားသည် ၎င်း အလုပ်လုပ်ကိုင်သည့် ဘဲခြံပိုင်ရှင်နှင့် ဆွေမျိုးတော်စပ်သူဖြစ်ကာ ၎င်းအား အနိုင်ကျင့်မှုများရှိခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသ ည်။

အခင်းဖြစ်စဉ် ဖြစ်ပွားသည့်နေ့က သေဆုံးသူထိုင်းနိုင်ငံသားနှင့် စကားများရန်ဖြစ်ခဲ့ရာ ၎င်း၏ ကျောကုန်းအား ကန်ကျောက်ခဲ့သည့်အတွက် ဒေါသထွက်ကာ ထိုင်းနိုင်ငံသား၏ ဂုတ်ကို သစ်သားချောင်းဖြင့် ရိုက်နှက်ခဲ့ရာ သေဆုံးသူမှာ ရေထဲသို့ ခုန်ချထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။

ယင်းသို့ ခုန်ချထွက်ပြေးသွားစဉ် သေဆုံးသွားသည့်အတွက် မြန်မာနိုင်ငံသား စောအကျွန် (၄၉) နှစ်အား ထိုင်းဥပဒေအရ အရေးယူဆောင်ရွက်ရန် နခေါစဝမ်ခရိုင်တာဝန်ရှိသူများက ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here