တရုတ်အနေဖြင့် မြန်မာနှင့် ပူးပေါင်းဆောင်ရွက်နေရခြင်းမှာ မြန်မာပြည်သူများ၏ လူမှုဘဝနှင့် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အကူအညီပေးရန်ဖြစ်ကြောင်း တရုတ်ပြော

0
161

မြန်မာနှင့် တရုတ် ပူးပေါင်းဆောင်ရွက်ခြင်းသည် မြန်မာပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပေးရန်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ပြောသည်။

ဧပြီလ (၆) ရက်က နေပြည်တော်တွင် စီးပွားကူးသန်းဝန်ကြီး ဦးအောင်နိုင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီးတို့ တွေ့ဆုံစဉ် ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။

“တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဟာ မြန်မာနိုင်ငံနဲ့ ပြည်သူများကို ဦးတည်ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ပြည်သူလူထုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပေးရန် ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဂရုပြုမှုကို မြန်မာနိုင်ငံမှ အလေးထားပြီး နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် ပတ်ဝန်းကျင်ကောင်းတွေ ပိုမိုဖန်တီးပေးရန် မျှော်လင့်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Mr. Chen Hai ကပြောသည်။

ဧပြီလ (၆)ရက်က နေပြည်တော်တွင် စီးပွားကူးသန်းဝန်ကြီးနှင့် တွေ့ဆုံစဉ် တရုတ် – မြန်မာနယ်စပ်ကုန်သွယ်ရေးစသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပြန်လည်ဖော်ဆောင်မြှင့်တင်ရေး၊ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် စသည့်စီမံကိန်းများ တည်ဆောက်မှုမြှင့်တင်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများ ရင်ဆိုင်နေရသည့် နိုင်ငံခြားငွေ အခက်အခဲ ပြဿနာများ ဖြေရှင်းပေးရေးကိစ္စနှင့် ပတ်သက်၍လည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံကုန်သွယ်မှု ဖွံဖြိုးတိုးတက်ရေး၊ ကုန်စည်ပြပွဲများသို့ နှစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ အပြန်အလှန် ပါဝင်ပြသနိုင်ရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးတို့အတွက် နှစ်ဖက်ချုပ်ဆိုထားသည့် သဘောတူစာချုပ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လည်း နှစ်နိုင်ငံတာဝန်ရှိသူများအကြား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here