သင်္ကြန်ပိတ်ရက်တွင် ပန်းဆိုးတန်း – ဒလပြေးဆွဲပေးနေသည့် ချယ်ရီသင်္ဘောများ ခေါက်ရေလျော့ချပြေးဆွဲမည်

0
190

ယခုနှစ် သင်္ကြန်ပိတ်ရက်တွင် ခရီးသွားပြည်သူများစိတ်အေးချမ်းသာစွာ သွားလာနိုင်ရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် ပန်းဆိုးတန်း-ဒလပြေးဆွဲပေးနေသည့် ချယ်ရီသင်္ဘော ပြေးဆွဲမှုအား ရပ်နားခြင်းမရှိဘဲ ခေါက်ရေလျော့ချ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ချယ်ရီသင်္ဘောများအား ပုံမှန်ရက်များတွင် နေ့စဥ်အသွား / အပြန်ခေါက်ရေ (၈၀) နှုန်းဖြင့် ဒလဆိပ်ကမ်းမှ နံနက် (၅) နာရီခွဲတွင် စတင်ထွက်ခွာ၍ ည (၆) နာရီ (၄၀ )မိနစ်အထိလည်းကောင်း၊ ပန်းဆိုးတန်းဆိပ်ကမ်းမှ နံနက် ၆ နာရီတွင်စတင်ထွက်ခွာ၍ ည (၇) နာရီအထိ လည်းကောင်း ပြေးဆွဲ‌ပေးနေခြင်း ဖြစ်သည်။

ထိုသို့ ပြေးဆွဲပေးလျက်ရှိရာမှ သင်္ကြန်ပိတ်ရက်များဖြစ်သည့် ဧပြီ (၁၃) ရက်မှ (၁၇) ရက်အထိ သင်္ဘောခေါက်ရေထက်ဝက်လျော့ချကာ အသွား/အပြန်ခေါက်ရေ(၄၀) သာ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ပြေးဆွဲရာတွင် ဒလဆိပ်ကမ်းမှ နံနက် (၆) နာရီတွင် စတင်ထွက်ခွာပြီး ည (၆) နာရီခွဲအထိ လည်းကောင်း၊ ပန်းဆိုးတန်းဆိပ်ကမ်းမှ နံနက် (၆) နာရီခွဲတွင်စတင်ထွက်ခွာ၍ ည (၇)နာရီအထိ ပြောင်းလဲပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“သင်္ကြန်ကာလမှာ ခရီးသည်လိုက်ပါမှုနဲ့ ကုန်ပစ္စည်းတင်ပို့မှုနည်းတယ်။ ဒါ့ကြောင့် သင်္ဘောခေါက်ရေကို လျော့ချလိုက်တဲ့ သဘောဖြစ်မှာပါ။ ဒလဆိပ်ကမ်းနဲ့ ပန်းဆိုးတန်းဆိပ်ကမ်းက လက်မှတ်ရုံဝင်ပေါက်မှာ ဗီနိုင်းနဲ့ကြောညာထားတာတွေ့တယ်။ သင်္ကြန်ပြီးရင်တော့ ပုံမှန်အတိုင်းပြေးဆွဲပေးသွားမယ်လို့ သိရတယ်”ဟု ဒလမြို့ခံတစ်ဦးကပြောသည်။

သင်္ဘောခေါက်ရေ လျော့ချပြေးဆွဲပေးမည်ဖြစ်သော်လည်း လက်မှတ်ခစျေးနှုန်းမှာ အပြောင်းအလဲမရှိဘဲ လက်မှတ်တစ်စောင်လျင် (၂၀၀)ကျပ်သာသတ်မှတ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here