ရှားပါးတဲ့ မျိုးရိုးလိုက် ရောဂါကြောင့် တစ်ကိုယ်လုံးတွင် အသားလုံးကျိတ် ၄၀၀ ကျော် ပေါက်နေသူ

0
244

သူကတော့ ကန်နီဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသားဖြစ်ပြီး “Gardner’s Syndrome” ဆိုတဲ့ ရှားပါးတဲ့ မျိုးရိုးလိုက်ရောဂါ လက္ခဏာကြောင့် ခန္ဓာကိုယ်တစ်ခုလုံးမှာ အသားလုံးကျိတ် ၄၀၀ ကျော် ပေါက်နေတဲ့သူပါ။

သူ့မှာ နောက်ကျောတစ်ပြင်လုံးနဲ့ လည်ပင်းထိပ်ကနေ မြီးညှောင်ရိုးအထိ စုစုပေါင်း အသားလုံးကျိတ်၂၀၀ နီးပါး ပေါက်နေပါတယ်။ ရင်ဘတ်နဲ့ ဝမ်းဗိုက်မှာတော့ အကျိတ်လုံး ၄၀ ကနေ ၅၀ အထိရှိနေပြီး ကျန်တဲ့ အကျိတ်တွေက ဦးခေါင်းပိုင်းနဲ့ ခြေလက်တို့မှာ ပေါက်နေပါတယ်။

ထူးခြားတာကတော့ အဲဒီအကျိတ်တွေဟာ တဖြည်းဖြည်း ကြီးထွားလာနေတာပဲ ဖြစ်ပါတယ်။ အကျိတ်တွေဟာ Gardner’s Syndrome ကြောင့် ပေါက်လာမှန်းသိပေမယ့် ဘာကြောင့် ကြီးထွားလာလဲဆိုတာကိုတော့ အခုထိ အဖြေရှာလို့ မရသေးပါဘူး။

အသက် ၈ နှစ်အရွယ်မှာ Gardner’s Syndrome ရောဂါ ရှိနေမှန်း စတင်သိရှိခဲ့ရပြီး အကျိုးဆက်အနေနဲ့ အူမကြီး ကင်ဆာကိုပါ တစ်ပါတည်း ခံစားခဲ့ရတယ်လို့ ကန်နီ က TLC တီဗွီချန်နယ်ကနေ ရိုက်ကူးတဲ့ တီဗွီရှိုးတစ်ခုမှာ ပြောလာပါတယ်။ အဲဒါကြောင့် ၉ နှစ်အရွယ်မှာတော့ ကန်နီဟာ အူမကြီးနဲ့ အူသိမ်ရဲ့ အစိတ်အပိုင်းအချို့ကို ဖြတ်တောက် ဖယ်ရှားခဲ့ရပါတယ်။

ဒီလိုအကျိတ်လုံးကြီးတွေ ပေါက်နေတဲ့ သူရဲ့ရုပ်ရည်ကြောင့် အပြင်ထွက်တဲ့အခါ လူတွေရဲ့ နှာခေါင်းရှုံတာကို ခံရပါတယ်တဲ့။ ကန်နီကတော့ ဒီပုံစံနဲ့ နေထိုင်နေရတာဟာ ကိုယ်ဖန်တီးတဲ့ ငရဲမှာ အသက်ရှင်သန်နေရသလိုပါပဲ လို့ ဝမ်းနည်းစွာနဲ့ ပြောလာပါတယ်။

Source:Metro


LEAVE A REPLY

Please enter your comment!
Please enter your name here