ကွန်ဂရက်လွှတ်တော်၌မိန့်ခွန်းပြောကြားရန် တောင်ကိုရီးယားသမ္မတအား အမေရိက ဖိတ်ကြား

0
135

အမေရိကသည် တောင်ကိုရီးယားသမ္မတယွန်းဆော့ယော်အား ယခုလ‌နှောင်းပိုင်း၌လာ‌ရောက်မည့် ၎င်း၏ဝါရှင်တန်ခရီးစဉ်အတွင်း ကွန်ဂရက်လွှတ်တော်၏ ပူးတွဲအစည်းအဝေး၌ မိန့်ခွန်းပြောကြားရန်ဖိတ်ကြားထားကြောင်းသိရသည်။

ယခုနှစ်အတွင်းကျရောက်မည့် အမေရိကန် – တောင်ကိုရီးယားဆက်သွယ်မှုနှစ် ၇၀ ပြည့်အထိမ်းအမှတ်အဖြစ် ယခု ကဲ့သို့ မိန့်ခွန်းပြောရန်ဖိတ်ကြားခဲ့ခြင်းဖြစ်သည်ဟု အောက်လွှတ်တော်ဥက္ကဌ ကယ်လ်ဗင်မက်ကာသီကပြောကြားခဲ့သည်။အစည်းအဝေးအား ဧပြီ ၂၇ ၌ပြုလုပ်ရန်သတ်မှတ်ထားကြောင်းလည်းသိရသည်။

ကွန်ဂရက်လွှတ်တော်၌ မိန့်ခွန်းပြောကြားရန် အမေရိက၏ဖိတ်ကြားမှုသည် အာရှနှင့်အမေရိက၏ ဆက်ဆံရေးကိုအားကောင်းစေပြီး တရုတ်နိုင်ငံအပေါ် ပိုမို အာရုံစိုက်လာချိန်တွင် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။ 

ယခုအပတ်တွင်လည်းမက်ကာသီသည် တရုတ်ပိုင်နက်အဖြစ် ပေကျင်းကယူဆထားသည့် ထိုင်ဝမ်အစိုးရအား အမေရိက ကထောက်ခံကြောင်း သံတမန်ရေးအရပြသသည့်အနေဖြင့် သမ္မတဆိုင်အင်ဝမ်နှင့်တွေ့ဆုံဆွေးနွေးမှုလည်းပြုလုပ်ခဲ့သည်။

အမေရိကန်ကွန်ဂရက်လွှတ်တော်သည် ပူးတွဲအစည်းအဝေးများအတွင်း မိန့်ခွန်းပြောကြားရန် နိုင်ငံ့ခေါင်းဆောင်များကို မကြာခဏဖိတ်ခေါ်ကာအမေရိကန်နှင့်အခြားနိုင်ငံများကြား ဆက်ဆံရေးကိုမီးမောင်းထိုးပြလေ့ရှိသည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here