မန္တလေးတွင် သံဃာတော် တစ်ပါး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

0
278

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအ နောက်ရပ်ကွက်၊ (၉၁) လမ်း၊ (၂၅) လမ်းနှင့် (၂၆) လမ်း ကြားတွင် ဧပြီ (၇) ရက် နံနက် ၁၀ နာရီခွဲ ဝန်းကျင် အချိန်ခန့်က သံဃာတော်တစ်ပါး သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ပျံလွန်တော်မူသွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ်၊ သီရိမာလာ အနောက်ရပ်ကွက်၊ (၉၁) လမ်း၊ (၂၅) လမ်းနှင့် (၂၆) လမ်းကြားရှိ ချမ်းသာကြီး ဆန်လှူအသင်း၏ဘေး ထမင်းဆိုင် တစ်ဆိုင်အနီးတွင် အမည်မသိအမျိုးသား (၂) ဦးက သံဃာတော်အား သေနတ်ဖြင့် ပစ်ခတ်ကာထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြော င်း မြေပြင် ဒေသခံများထံမှ သိရသည်။

“သေနတ်နဲ့ ပစ်ခံရတဲ့ သံဃာတော်က ချမ်းသာကြီး တော င်တိုက်ကို ရောက်နေတဲ့ ဧည့်သံဃာတော်လို့ သိထားပါတ ယ်။ အခင်းဖြစ်ပြီးပြီးချင်းပဲ သံဃာတော်ကို လူမှုကူညီရေးအသင်းကားနဲ့ မန္တလေးဆေးရုံကြီးကို ပို့ပေးခဲ့ပါတယ် ။ ဆေးရုံမှာ ပျံလွန်တော်မူသွားတာပါ”ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက လာရောက် စစ်ဆေးကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here