ထိုင်ဝမ်အနီးတွင် စစ်ရေးလေ့ကျင့်မှုပြုလုပ်မည်ဟု တရုတ်ကြေညာ

0
119

စနေနေ့ (ဧပြီ ၈ ရက်) မှစတင်၍ ထိုင်ဝမ်အနီးတစ်ဝိုက်တွင် စစ်ရေးလေ့ကျင့်မှုများ သုံးရက်ကြာ ပြုလုပ်သွားမည်ဟု တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်းစစ်ဌာနချုပ်က ထိုင်ဝမ်သမ္မတ Tsai Ing-wen အမေရိကန်ခရီးစဉ်မှ ပြန်ရောက်ပြီး နောက်တစ်နေ့တွင် ကြေညာလိုက်သည်။

တရုတ်နိုင်ငံသည် ထိုင်ဝမ်ရေလက်ကြားနှင့် မြောက်ဘက်၊ တောင်နှင့် အရှေ့ဘက်တို့တွင် စီစဉ်ထားသည့်အတိုင်း တိုက်ခိုက်ရေး အဆင်သင့်ကင်းလှည့်ခြင်းနှင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အခြားအသေးစိတ်အချက်အလက်များကိုမူ ပြောကြားခြင်းမရှိဘဲ အတိုချုံးထုတ်ပြန်ခဲ့သည်။

ကျွန်းပတ်ပတ်လည်တွင် စစ်သင်္ဘောသုံးစင်းနှင့် တရုတ်လေယာဉ် ၁၃ စီးတို့ကို တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့တွင် ပြောကြားခဲ့သည်။

စစ်သင်္ဘောသုံးစင်းနှင့် လေယာဉ် ၁၃ စင်းကို ထိုင်ဝမ်အနီးတစ်ဝိုက်တွင် စနေနေ့ နံနက် ၆ နာရီက တွေ့ရှိခဲ့ပြီး တွေ့ရှိရသော လေယာဉ်လေးစင်းသည် ထိုင်ဝမ်ရေလက်ကြား၏ ပျမ်းမျှမျဉ်းကိုဖြတ်ကျော်ကာ ထိုင်ဝမ်အရှေ့တောင်ဘက် ADIZ (လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန်) သို့ ဝင်ရောက်ခဲ့ကြောင်း တိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here