(၁)လသားခန့် မွေးရာပါနှုတ်ခမ်းကွဲနေသည့်ကလေးငယ်အား ကမ္ဘာအေးစေတီတော်ရင်ပြင်အနီး၌လာရောက်စွန့်ပစ်သွား

0
189

ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘာအေးစေတီတော်ရင်ပြင်အနီး၌ လာရောက်စွန့်ပစ်ထားသည့် အသက်(၁)လသားအရွယ်ရှိ မွေးရာပါနှုတ်ခမ်းကွဲနေသည့် ကလေးငယ်တစ်ဦးအား ဧပြီ ၇ ရက်ညနေ ၄ နာရီခွဲခန့်က တွေ့ရှိခဲ့ရသည်ဟု မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးပရဟိတအဖွဲ့ (ရန်ကုန်)မှ သိရသည်။

ကမ္ဘာအေးစေတီတော်ရင်ပြင်အနီး၌ စွန့်ပစ်ခံထားရသည့်ကလေးငယ်တစ်ဦးတွေ့ရှိကြောင်း သတင်းအရ မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးပရဟိတအဖွဲ့(ရန်ကုန်)မှ သွားရောက်ခေါ်ဆောင်ခဲ့ကြသည်။

“စွန့်ပစ်ခံထားရတဲ့ကလေးက ယောင်္ကျားလေးပါ မွေးရာပါနှုတ်ခမ်းကွဲနေတယ် တစ်ကိုယ်လုံးလည်း ပုရွတ်ဆိတ်တွေကိုက်ခံထားရလို့ ကလေးရဲ့ကျန်းမာရေးအခြေအနေကြောင့် ရန်ကင်းကလေးဆေးရုံကိုပို့ပေးခဲ့ပါတယ် ဘုရားရင်ပြင်မှာ စျေးရောင်းနေတဲ့ အစ်မကြီးတွေက စျေးဗန်းတွေပစ်ထားပြီး သားသမီးချင်းကိုယ်ချင်းစာနာစိတ်နဲ့ ကျွန်တော်တို့နဲ့အတူ ကလေးဆေးရုံမှာ ည ၁၀ နာရီအထိ လိုက်ပါကူညီပေးခဲ့ကြပါတယ်”ဟု မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးပရဟိတအဖွဲ့ (ရန်ကုန်)မှ ကိုလွင်မောင်ကပြောသည်။

လက်ရှိအချိန်၌ စွန့်ပစ်ခံထားရသည့်ကလေးငယ်အား ရန်ကင်းကလေးဆေးရုံမှ ပြုစုကုသပေးလျက်ရှိပြီး ကလေးငယ်၏ ဆေးရုံစာအုပ်တွင် ကလေးအမည်အား မောင်ကြယ်ဖြူဟု အမည် ပေးထားကြောင်း သိရသည်။

Photo-မြန်မာ့ကြယ်ဖြူ


LEAVE A REPLY

Please enter your comment!
Please enter your name here