ဘီးလင်းမြို့နယ်တွင် ကုန်စိမ်းများတင်လာသည့်ကား ယာဥ်တိုက်မှုဖြစ်၍ အမျိုးသား ၁ ဦးသေဆုံး ၅ ဦးဒဏ်ရာရ

0
112

မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်၊ကျောက်ရေတွင်းကျေးရွာတွင် ကုန်စိမ်းများတင်လာသည့်ကား ဧပြီ ၈ ရက်(ယနေ့)နံနက် ၆ နာရီ ၅၇ မိနစ်ခန့်က ယာဥ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်ကြောင့် ကားပေါ်တွင်လိုက်ပါလာသူများအနက် အမျိုးသား ၁ ဦးမှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အမျိုးသမီး ၃ ဦးမှာ ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရ)နှင့်အမျိုးသား ၂ ဦးမှာ ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြသဖြင့် ဘီးလင်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်စုစည်းအားမာန်လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

“ယာဥ်တိုက်မှုလို့ပဲကျွန်တော်တို့ကသိတာ ၊လူနာတွေကအရေးကြီးနေတဲ့အတွက် သူတို့ကိုပဲ အဓိကအာရုံစိုက်ပြီး ကယ်ဆယ်ရေးလုပ်နေရတာ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ထိခိုက်ဒဏ်ရာရသူများနှင့်သေဆုံးသူ၏ရုပ်အလောင်းအား စုစည်းအားမာန်လူမှုကူညီရေးအသင်းမှ ဘီးလင်းမြို့ပြည်သူ့ဆေးရုံသိူ့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here