မျိုးသုန်းသွားပြီလို့ ယူဆထားတဲ့ ရှားပါး သွေးစုပ်ငါးကို နယ်သာလန်မှာ ပြန်တွေ့

0
168

ပြီးခဲ့တဲ့လက အဏ္ဏဝါဇီဝဗေဒပညာရှင်တစ်ဦးဟာ မျိုးသုန်းသွားပြီးလို့ ယူဆထားတဲ့ ရှားပါး ပင်လယ်ငါးလင်ပန်း တစ်ကောင်ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါတယ်။ နယ်သာလန်နိုင်ငံ၊ တက်စဲလ်ကျွန်းရဲ့ ကမ်းခြေနားကို လှိုင်းနဲ့အတူ မျောပါလာချိန် သူ့ရဲ့ ရှည်လျားပြီး ငါးရှဉ့် နဲ့တူတဲ့ ပုံသဏ္ဍန်ကြောင့် ဇီဝဗေဒပညာရှင်က သတိထားမိသွားပြီး ဖမ်းယူခဲ့တာပါ။

ကပ်ပါးကောင်တွေလိုမျိုး လက်ခံကောင်ဆီကနေ သွေးစုပ်ယူလေ့ရှိတဲ့အတွက် သွေးစုပ်ငါး ဆိုပြီးတော့လည်း လူသိများပါတယ်။ ဒီငါးအမျိုးအစားဟာ ကမ္ဘာပေါ်မှာ အစောဆုံး ရှင်သန်ခဲ့ကြတဲ့ ကျောရိုးရှိ သတ္တဝါအုပ်စုတွေထဲက တစ်အုပ်စုဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၄၀၀ ကျော်ကတည်းက တည်ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

အချက်အလက်တွေအရ ဒီပင်လယ် ငါးလင်ပန်းတွေကို မတွေ့ရတာ ခြောက်နှစ်လောက်ရှိနေပါပြီ။ ၂၀၁၇ ခုနှစ်မှာ နောက်ဆုံးအကြိမ် တွေ့လိုက်ရတာ ဖြစ်တဲ့အတွက် မျိုးသုန်းသွားပြီဆိုပြီး ကျွမ်းကျင်သူတွေက ယူဆထားတာပါ။

အခုတွေ့ရှိခဲ့တဲ့ ငါးလင်ပန်းဟာ သုံးပေခန့်ရှည်ပြီး သက်တမ်းအလွန်ရင့်နေပြီလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ အခုတော့ ဒီငါးကို ငါးပြတိုက်ဆီ ပို့ဆောင်ထားပြီလို့ သိရပါတယ်။

Source: India Times


LEAVE A REPLY

Please enter your comment!
Please enter your name here