ပြည်ပကုန်သွယ်မှုဝင်ငွေရရှိမှု လျာထားချက်ပြည့်မီ

0
145

ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ပြည်ပကုန်သွယ်မှုမှ ကုန်သွယ်မှုဝင်ငွေသည် လျာထားချက်ပြည့်မီကျော်လွန်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် စာရင်းများအရ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၆ ဒဿမ ၅၇ ဘီလီယံကျော်ရရှိထားပြီး သွင်းကုန်တင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၁၇ ဒဿမ ၃၄ ဘီလီယံကျော်ရရှိထားကြောင်း သိရသည်။ ပြည်ပတင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅ ဒဿမ ၅ ဘီလီယံ နှင့် သွင်းကုန်တင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံ စုစုပေါင်း ၂၉ ဒဿ ၅ ဘီလီယံမျှော်မှန်းထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း ပို့ကုန်တင်ပို့မှုတွင် စက်မှုကုန်ချောတင်ပို့မှုမှ အများဆုံးဝင်ငွေရရှိထားပြီး လယ်ယာထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ အခြားကဏ္ဍတင်ပို့မှုတို့သည် လျော့ကျခဲ့ကြောင်း သွင်းကုန်ကဏ္ဍတွင်လည်း လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းနှင့် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများကို အများဆုံးတင်သွင်းထားကြောင်း ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။

ယင်းအပြင် ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပို့ကုန်တင်ပို့မှုပမာဏ ဒေါ်လာ ၁၆ ဒဿမ ၅ ဘီလီယံနှင့် သွင်းကုန်တင်သွင်းမှုပမာဏ ဒေါ်လာ ၁၆ ဘီလီယံ စုစုပေါင်းကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၂ ဒဿမ ၅ ဘီလီယံ ရရှိမည်ဖြစ်ကြောင်း ခန့်မှန်းထားပြီး ကုန်သွယ်ရေးကဏ္ဍတွင် ပို့ကုန်တင်ပို့မှုသည် သွင်းကုန်တင်သွင်းမှုထက် ဒေါ်လာသန်း ၅၀၀ ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

photo – Myanmar Logistics Guide


LEAVE A REPLY

Please enter your comment!
Please enter your name here