ရန်ကုန်-မန္တလေးအမြန်လမ်းတွင် Swift အမျိုးအစား ယာဉ်(၁)စီး တိမ်းမှောက် တစ်ဦးသေ တစ်ဦး ဒဏ်ရာရ

0
296

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် Swift အမျိုးအစား ယာဉ်(၁)စီး တိမ်းမှောက်မှု ယနေ့ (ဧပြီ ၈) ညနေပိုင်းက ဖြစ်ပွားခဲ့ပြီး တစ်ဦးသေ တစ်ဦး ဒဏ်ရာရခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၂၂/၆) အနီးတွင် ယနေ့ ညနေ ၃ နာရီအချိန်ခန့်က Suzuki Swift အမျိုးအစား ယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသည့်အတွက် ပန်းတင်အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရသည်။

ယာဥ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၁)ဦး မ(၃)ဦး စုစုပေါင်း(၄)ဦးအနက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)နှင့် မ(၁)ဦး (သေဆုံး) သွားပြီး မေတ္တာရေစင်လူမှုကူညီရေးအသင်းမှ ယာဉ်ဖြင့် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here