ရန်ကုန်မြို့ရှိ မဟာဗန္ဓုလလမ်းနှင့် ဆူးလေဘုရားလမ်းနေရာအချို့ ခေတ္တပိတ်မည်

0
301

သင်္ကြန်ပွဲတော်ကျင်းပမည်ဖြစ်သည့်အတွက် ဧပြီလ(၁၃)ရက်မှ (၁၆)ရက်အထိ ရန်ကုန်မြို့ရှိ မဟာ
ဗန္ဓုလလမ်းနှင့် ဆူးလေဘုရားလမ်းအချို့ နေရာများအား ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည်၊၊

ရန်ကုန်မြို့တော်ခန်းမရှေ့ မြို့တော်ဝန်မဏ္ဍပ်တွင် ရေကစားခြင်း၊သင်္ကြန်ယိမ်းအကအလှဖြင့် ဖျော်ဖြေမည်ဖြစ်၍ ဧပြီလ(၁၃)ရက်မှ(၁၆)ရက်အထိ မဟာဗန္ဓုလလမ်းအားဆူးလေဘုရားလမ်းမှပန်းဆိုးတန်းအထိလည်းကောင်း၊ ဆူးလေဘုရားလမ်းအား အနော်ရထာလမ်းမှ ကုန်သည်လမ်းအထိ လည်းကောင်း နံနက်၇နာရီ ညနေ၆နာရီအထိ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

လမ်းခေတ္တပိတ်ထားမည်ဖြစ်သည့်အတွက် မော်တော်ယာဉ်မောင်းသူများအနေဖြင့် လမ်းလွှဲများမှ သွားရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှအသိပေးချက်ထုတ်ပြန်ထားခြင်းဖြစ်သည်၊၊


LEAVE A REPLY

Please enter your comment!
Please enter your name here