ရန်ကုန်တိရစ္ဆာန်ဥယျာဥ်၌ လမ်းလျှောက်သင်္ကြန်ပွဲအား ဧပြီ (၁၀) ရက်မှ စတင်၍ ၃ ရက်ကြာကျင်းပမည်

0
336

ရန်ကုန်တိရစ္ဆာန်ဥယျာဥ်မှာ လာရောက်လည်ပတ်သူများ သင်္ကြန်အရသာအား ကြိုတင်ခံစားနိုင်စေရန် ရည်ရွယ်ပြီး လမ်းလျှောက်သင်္ကြန်ပွဲအား ဧပြီ ၁၀ ရက် မှ ၁၂ ရက်အထိ ၃ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိရစ္ဆာန်ဥယျာဥ်၏ လမ်းလျှောက်သင်္ကြန်ပွဲတွင် ကလေးငယ်များ၏ အဆို၊ အက၊ တေးသရုပ်ဖော်၊ Model Show ၊ နာမည်ကြီး Dancer Group များ၏ ကပြဖျော်ဖြေမှုများ၊ တေးဂီတဖျော်ဖြေမှုများ၊ Animal Show ၊ Magic Show များဖြင့်ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်။

ထို့ပြင် တိရစ္ဆာန်လိမ္မာလေးများနှင့် ဓာတ်ပုံရိုက်ကူးနိုင်မည့် အစီအစဉ်များ၊ ဂိမ်းအစီအစဉ်များ၊ လက်ဆောင်ပစ္စည်းများချီးမြှင့်မည့် အမေးအဖြေကဏ္ဍများလည်းပါဝင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here