လူတစ်ဦးချင်း ပျမ်းမျှ GDP ကျပ် ၂၄ သိန်းခွဲ ဖြစ်ပေါ်လာရန် ရည်မှန်းထား

0
227

လူတစ်ဦးချင်းစီ၏ ပျမ်းမျှထုတ်လုပ်မှုနှင့် ဝန်
ဆောင်မှုတန်ဖိုး (Per Capita GDP) ကို နှစ်အလိုက်ဈေးနှုန်းအရ ကျပ် ၂၄.၅ သိန်းကျော် ဖြစ်ပေါ်လာရန် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်းဥပဒေအတွင်း စီမံကိန်းရည်မှန်းချက်အဖြစ် ထည့်သွင်းပြဋ္ဌာန်းထားသည်။

မတ်လ ၃၁ ရက်နေ့တွင် နစကဥက္ကဌ လက်မှတ်ထိုး ပြဋ္ဌာန်းလိုက်သည့်အမျိုးသားစီမံကိန်းဥပဒေအတွင်း ထည့်သွင်းဖော်ပြထားပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ထက် ပျမ်းမျှ GDP ကို ကျပ် (၄) သိန်း တိုးတက်မျှော်မှန်းထားခြင်းဖြစ်သည်။

အဆိုပါဥပဒေသည် ဧပြီလ ၁ ရက်နေ့တွင် စတင်အသက်ဝင်ခြင်းဖြစ်ပြီး စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို ပုံမှန်ဈေးနှုန်းအရ ၄.၁ ရာခိုင်နှုန်း တိုးတက်ရန်လည်း မျှော်မှန်းထားသည်။

နိုင်ငံပိုင်အခန်းကဏ္ဍမှ ကျပ်ဘီလီယံ (၈၃၀၀) ကျော် ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး နိုင်ငံတော်နှင့်နိုင်ငံသားများ အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများကိုသာ ဆက်လက်အကောင်အထည်ဖော်ရမည်ဟုသတ်မှတ်ထားသည်။

‘‘တင်ပြလာသော စီမံကိန်းများသည် အကျိုးစီးပွား ဖြစ်ထွန်းမှုမရှိသော စီမံကိန်းများဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က စိစစ်တွေ့ရှိပါက အဆိုပါ စီမံကိန်းအား ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျော့၍ ခွင့်ပြုခြင်းများ ဆောင်ရွက်ရမည်’’ဟု ပြဋ္ဌာန်းထားသည်။

ယင်းအပြင်ကုန်သွယ်မှုနှင့် ပတ်သက်ပြီး နှစ်အလိုက်ဈေးနှုန်းအရ ပြည်ပပို့ကုန် ကန်ဒေါ်လာ ၁၆.၅ ဘီလီယံ တင်ပို့ရန်နှင့် ပြည်ပသွင်းကုန်ကို ကန်ဒေါ်လာ ၁၆ ဘီလီယံ တင်သွင်းရန်လည်း အမျိုးသားစီမံကိန်းဥပဒေတွင် ပါရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here