သာကေတတွင် ရပ်ထားသောတွဲကားအား YBS ယာဉ်မှ ဝင်တိုက်မှုဖြစ်ပွား ယာဉ်ပေါ်ပါ ၁၀ ဦီးဒဏ်ရာရ

0
139

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင် ယနေ့ (ဧပြီ ၉ ရက်) နံနက်ပိုင်းက ရပ်ထားသောတွဲကားအား YBS ယာဥ်က အနောက်မှ ဝင်တိုက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ ၁၀ ဦီးဒဏ်ရာရခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ်၊ ရတနာလမ်းမကြီး လယ်ယာ (၂) လမ်းထိပ်တွင် ရပ်ထားသောတွဲကားအား YBS ယာဉ်မှ ယနေ့ နံနက် ၅ နာရီအချိန်က ဝင်တိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး လူမှုကူညီရေးအသင်းများက ယာဥ်ကြောရှင်းလင်းခြင်း ၊ အခင်းဖြစ်နေရာမှ မှန်ကွဲစများအား ရှင်းလင်းပေးခြင်းနှင့် အခြားသော လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ကျား ၃ဦး၊ မ ၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် လူမှုကူညီရေးအသင်းများ၏ လူနာတင်ယာဥ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here