ထိုင်းနိုင်ငံ၌ ကမ္ဘောဒီးယား၊လာအို၊မြန်မာနှင့်ဗီယက်နမ်ရွှေ့ပြောင်းလုပ်သားများအတွက် စိစစ်ရေးကဒ်များထုတ်ပေးခြင်းအားယာယီရပ်ဆိုင်း

0
111

ဘန်ကောက်၊ဧပြီ ၉

ထိုင်းနိုင်ငံ၌ ကမ္ဘောဒီးယား၊လာအို၊မြန်မာနှင့်ဗီယက်နမ်တို့မှရွှေ့ပြောင်းလုပ်သားများအတွက် မှတ်ပုံတင်ခြင်း၊ အချိန်နှင့် တပြေးညီပြင်ခြင်းနှင့် အိုင်ဒီကဒ်ပြုလုပ်ခြင်းသည့်ဝန်ဆောင်မှုများအား မေလ ၁၅ ရက်နေ့အထိ ယာယီရပ်ဆိုင်းလိုက်ကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

နိုင်ငံ၏အထွေထွေရွေးကောက်ပွဲပြီးသည်အထိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ဝန်ဆောင်မှုအချို့အားဆိုင်းငံ့ထားမည်ဖြစ်ကြောင်းသိရှိရပြီး အထွေထွေရွေးကောက်ပွဲအား မေလ ၁၄ ရက်နေ့တွင်ပြုလုပ်ရန် သတ်မှတ်ထားကြောင်းလည်းသိရသည်။

ယခု ကဲ့သို့ ရပ်ဆိုင်းလိုက်ရခြင်းသည် ရွေးကောက်ပွဲမတိုင်မီ ခရိုင်ရုံးများအားလုံး၌ တိုးမြှင့်လုပ်ဆောင်ရမည့် အလုပ်တာဝန်များကို သေသေချာချာကိုင်တွယ်ဖြေရှင်းနိုင်စေရန်နှင့် အတားအဆီးမရှိစေရေးအတွက်ဖြစ်ကြောင်းလည်းဆိုခဲ့သည်။

ရွေးကောက်ပွဲအပြီး မေလ ၁၆ ရက်နေ့၌ ဝန်ဆောင်မှုများအားလုံးကို ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်ပေးမည်ဟုလည်းဖော်ပြထားသည်။

လက်ရှိအချိန်အထိထိုင်းနိုင်ငံ၌ မြန်မာရွှေ့ပြောင်းလုပ်သား လေးသန်းကျော်ရှိမည်ဟုခန့်မှန်းထားပြီး ၎င်းတို့အနက်နှစ်သန်းကျော်မှာ မြန်မာအစိုးရ၏ယာယီပတ်စ်ပို့ကိုင်ဆောင်ထားပြီး ကျန်ရှစ်သိန်းခန့်သည် ထိုင်းအစိုးရက အသိအမှတ်ပြုထုတ်ပေးထားသည့် ပန်းရောင်သက်သေခံကဒ်များ ကိုင်ဆောင်ထားကြကြောင်းသိရသည်။

Source : Khmertimes


LEAVE A REPLY

Please enter your comment!
Please enter your name here