ကင်ညာနိုင်ငံ၌ ထရပ်ကား လမ်းသွားလမ်းလာများနှင့်တက္ကစီများကိုဝင်တိုက်, ဆယ်ဦးပွဲချင်းပြီးသေ

0
194

ကင်ညာနိုင်ငံအနောက်ဘက်ခြမ်းရှိ တန်ဇန်းနီးယားနယ်စပ်အနီးတွင် လမ်းသွားလမ်းလာများနှင့်ဆိုင်ကယ်တက္ကစီများအား ထရပ်ကားတစ်စီးကဝင်တိုက်ခဲ့သဖြင့် လူ ၁၀ ဦး ထက်မနည်း ပွဲချင်းပြီးသေဆုံးကာ ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

အဆိုပါမီဂိုရီမြို့၌ဖြစ်ပွားခဲ့သောယာဉ်တိုက်မှုသည် ယာဉ်မောင်းကအရှိန်မထိန်းနိုင်ဘဲ ဘရိတ်ပေါက်ခြင်းကြောင့်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့မှူးကပြောကြားခဲ့သည်။ ထရပ်ကားအောက်တွင်ပိတ်မိနေသူများအား ကယ်ထုတ်ရန်လုပ်ဆောင်နေဆဲဖြစ်ပြီး သေဆုံးသူလူဦးရေထပ်တိုးလာနိုင်သည်ကိုစိုးရိမ်နေကြကြောင်းလည်း
ကောင်တီရဲတပ်ဖွဲ့မှူးကပြောကြားခဲ့သည်။

အခြားဒေသခံများ၏ပြောကြားချက်အရ လူနှစ်ဦးတံတားပေါ်မှမြစ်ထဲသို့ပြုတ်ကျသွားကြောင်းသိရသော်လည်း ၎င်းတို့အားကယ်ဆယ်မည့်လုပ်ငန်းမစတင်သေးကြောင်းသိရသည်။မျက်မြင်တွေ့သူများ၏ပြောကြားချက်အရ ယာဉ်မောင်းသည် ယာဉ်တိုက်မှုမဖြစ်ခင်က ကားဟွန်းကိုသံရှည်ဆွဲတီးခဲ့ကြောင်းပြောကြားခဲ့သည်။

ကင်ညာနိုင်ငံသားများသည် အီစတာ အားလပ်ရက်များအတွင်း ၎င်းတို့၏နေရပ်များသို့ပြန်ကြလေ့ရှိပြီး ယခုရာသီသည် ယာဉ်မတော်တဆမှုများလည်းအဖြစ်များသောရာသီဖြစ်သည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here