မော်လမြိုင် နဂါးမောက်ဘုရားမှ အလှူခံပုံးအား ရိုက်ခွဲ၍ အလှူငွေများခိုးယူသွားသည့် တရားခံအား ဖမ်းဆီးရမိ

0
215

မော်လမြိုင် နဂါးမောက်ဘုရားမှ အလှူခံပုံးအား ရိုက်ခွဲ၍ အလှူငွေများခိုးယူသွားသည့် တရားခံအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း ဘုရားအကျိုးတော်ဆောင်အဖွဲ့ထံမှ ဧပြီ ၉ ရက်တွင် သိရသည်။

မော်လမြိုင် နဂါးမောက်ဘုရားရှိ မယ်တော်နတ်နန်းမှ အလှူခံပုံးအား ပြီးခဲ့သည့် ဧပြီလ ၅ ရက်က ရိုက်ခွဲဖောက်ထွင်း၍ အလှူငွေ ၆၀၀၀၀ ကျပ်‌ကျော် ခိုးယူသွားသည့် မော်လမြိုင်၊ ဘိုကုန်းရပ်ကွက်နေသူအား မွန်ပြည်နယ် ဒ/န အဖွဲ့ ဒုရဲမှုးထွန်းမင်းလတ် ဦးစီးအဖွဲ့မှ ဧပြီ ၉ ရက်တွင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထိုသူသည် မယ်တော်နတ်နန်းအတွင်း အနားယူရန် ဟန်ဆောင်ပြီး မှန်ပုံးကို ထုခွဲကာ အလှူငွေများ ခိုးယူသွားခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

မော်လမြိုင် နဂါးမောက်စေတီတော်မြတ်ကြီးသည်ပြည်သူများ Covid ဘေး၊ နိုင်ငံရေးအခြေအနေ အမျိုးမျိုးကြောင့် အလုပ်အကိုင်များခက်ခဲပြီး စား၀တ်နေရေး ကြပ်တည်းခဲ့စဥ်ကတည်းက ပြည်သူများ၏ စား၀တ်နေရေး ထိုက်သင့်သလောက် အကူအညီအထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ပြီး နေ့စဥ် စတုဒီသာ အလှူကြီး‌ပေးနေသည်မှာ တစ်နှစ်ကျော်ကြာပြီဟုလည်း သိရသည်။

ဓာတ်ပုံ – ဇင်မိုး


LEAVE A REPLY

Please enter your comment!
Please enter your name here