မိဘအရင်းက ငွေကျပ်သိန်း ၂၀ ဖြင့်ရောင်းစားသည့်ကလေးငယ်အား အဘိုးအဘွားများထံအပ်နှံ ၊ မိဘနှစ်ဦးကို ခံဝန်ကတိထိုးခိုင်း

0
460

ဧရာဝတီတိုင်း၊ငပုတောမြို့နယ်၊မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ငွေကျပ်သိန်း ၂၀ ဖြင့်ရောင်းစားခံရမည့် (၅)လသားအရွယ် ကလေးငယ်အား ဧပြီ ၈ ရက်ညနေပိုင်းက အဘိုးအဘွားများထံအပ်နှံပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကလေးငယ်အားရောင်းစားမည့် မိဘရင်းများဖြစ်သည့် ငပုတောမြို့နယ်၊ငရုတ်ကောင်းမြို့၊အမှတ်(၁)ရပ်ကွက်၊လမ်းသစ်လမ်းနေ ဦးအောင်ကို(ခ)လူလှ(၂၃ )နှစ်နှင့်ဒေါ်လေးနွယ်(၁၈)နှစ်တို့ကိုလည်း နောက်နောင်ယင်းဖြစ်စဉ်မျိုးမဖြစ်စေရန် ငပုတောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ရှေ့မှောက်တွင်ဝန်ခံကတိလက်မှတ်ရေးထိုးစေခဲ့ကြောင်း သိရသည်။

ထို့ပြင် ထပ်မံကျူးလွန်ပါက ထောင်ဒဏ် ၁၀ နှစ်မှနှစ် ၂၀ အထိချမှတ်နိုင်သည့် တည်ဆဲဥပဒေနှင့်အ ညီတရားစွဲဆိုသွားမည်ဖြစ်ပြီး ကလေးငယ်နှင့်ပတ်သက်၍ တစုံတရာလိုအပ်မှု၊ဆွေးနွေးလိုမှုရှိပါက ငပုတောမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနသို့ အချိန်မရွေးဆက်သွယ်အကြောင်းကြားနိုင်သည်ဟု မြို့နယ်လူမှုဝန်ထမ်းဦးစီးမှူးကသတိပေး‌‌ပြောကြားခဲ့သည်။

တာဝန်ရှိသူများမှ ၎င်းတို့၏ နေရပ်သို့အဆင်ပြေစွာပြန်လည်ရောက်ရှိစေရန် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဦးအောင်ကို(ခ)လူလှနှင့်ဒေါ်လေးနွယ်တို့သည် အကြွေးများပြန်လည်ပေးဆပ်ရန်ရှိသဖြင့် (၅)လသားအရွယ်ရှိ ၎င်းတို့၏ကလေးငယ်အား ငွေကျပ်သိန်း(၂၀)ဖြင့်ရောင်းချရန် ရန်ကုန်မြို့သို့ရောက်ရှိလာခဲ့ကြပြီးနောက် မိဘမဲ့ကလေးငယ်များအား စောင့်ရှောက်ပေးနေသည့် ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် ခိုင်နှင်းဝေထံသို့လည်း သွားရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here