သင်္ကြန်ပိတ်ရက် နေရပ်ပြန်များ များပြားခြင်းကြောင့် မအူပင်မြို့အနီး ယာဉ်ကြောပိတ်ဆို့နေ

0
154

သင်္ကြန်ရုံးပိတ်ရက် နေရပ်ပြည်မည့်သူများ များပြားနေခြင်းကြောင့် မအူပင်မြို့အနီး ယာဉ်ကြောပိတ်နေသည့် မြင်ကွင်းကို ကိုယ်တိုင်ကြုံတွေ့သူတစ်ဦးက လူမှုကွန်ရက်တွင် ပြန်လည်မျှဝေထားသည့် မြင်ကွင်းဖြစ်သည်။

ယခု မြင်တွေ့နေရသည့် ပုံများမှာ သင်္ကြန်ကာလ နေရပ်ပြန်များ များပြားမှုကြောင့် ပုံမှန်လမ်းကြောင်းဖြစ်သည့် ရန်ကုန် – ပုသိမ်လမ်းမပေါ်ရှိ ပန်တိုင် စစ်ဆေးရေးဂိတ်တွင် ယာဉ်ကြောပိတ်ဆိုမှုများ ဖြစ်နေသည့်အတွက် တွံတေး – မအူပင်လမ်းကြောင်းမှတဆင့် နေရပ်ပြန်သူများ မအူပင်မြို့အဝင်နားတွင် အချိန်ကြာမြင့်စွာ ပိတ်မိနေခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်ကြောပိတ်ဆို့မှုကို ကိုယ်တိုင်ကြုံတွေ့ရသူ တစ်ဦးက ၎င်း၏ လူမှုကွန်ရက်တွင် မျှဝေထားသည့် အချက်အလက်များအရ ယာဉ်ကြောပိတ်ဆို့မှု ကြုံတွေ့နေရသည့် ယာဉ်တန်းမှာ (၅) မိုင်နီးပါးရှိကြောင်း သိရသည်။

ယနေ့ ဧပြီလ (၉) ရက် နေ့လည် (၁၂) နာရီ ဝန်းကျင်အချိန်ထိ မအူပင် တံတားစစ်ဆေးရေးဂိတ်တွင် မအူပင်မြို့အတွင်းဝင်မည့်ယာဉ်များ စစ်ဆေးခံနေသည့်အတွက် ရေနံမြေလမ်းဆုံဖက်သို့ ထွက်မည့်ကားများမှာ ပိတ်မိနေဆဲ ဖြစ်ကြောင်း သိရသည်။

နှစ်စဉ် သင်္ကြန်ကာလ ရုံးပိတ်ရက် နေရပ်ပြန်သူများပြား‌ခြင်းကြောင့် ရန်ကုန် – ပုသိမ်ကားလမ်းမ ပေါ်ရှိ ပန်တိုင် စစ်ဆေးရေးဂိတ်အနီးမှ ညောင်တုန်းမြို့နယ်အနီးရှိ ဗိုလ်မြတ်ထွန်း တံတားအနီးထိ ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ကာ ခရီးသွားပြည်သူများ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရသည့် ဖြစ်စဉ်များ ဖြစ်ပွားနေခြင်းလည်း ဖြစ်သည်။

ဓာတ်ပုံ – Eh Kaw Htoo Saw


LEAVE A REPLY

Please enter your comment!
Please enter your name here