တောင်ဥက္ကလာပ မေတ္တာလမ်း၌ လမ်းလျှောက်လာသူကိုစစ်ဆေးရာမှ စိတ်ကြွဆေးပြား ၆ သောင်းပြားခန့်ဖမ်းမိခဲ့

0
239

ရန်ကုန်တိုင်း၊တောင်ဥက္ကလာပမြို့နယ်၊(၁၂)ရပ်ကွက်၊မေတ္တာလမ်းတွင် ဧပြီ ၈ ရက်မွန်းလွဲ ၂ နာရီခွဲခန့်က လမ်းလျှောက်လာသူအားစစ်ဆေးရာမှ စိတ်ကြွဆေးပြား ၅၈၆၀၀ ပြားအားဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည် တောင်ဥက္ကလာပမြို့နယ်၊မေတ္တာလမ်းတွင် လမ်းလျှောက်လာသည့် နိုင်ထက်ကျော်(ခ) နိုင်နိုင်(၂၉)နှစ်အားစစ်ဆေးရာ စိတ်ကြွဆေးပြား ၄၀၀၀ ပြားကိုဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

စစ်ဆေးချက်အရ နေ့လည် ၃ နာရီတွင် ၎င်းနေထိုင်သည့် တောင်ဥက္ကလာပမြို့နယ်၊(၁၂)ရပ်ကွက်၊ဘရဏီ(၂)လမ်းရှိ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၅၄၆၀၀ ပြားအား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် စိတ်ကြွဆေးပြား ၅၈၆၀၀ ပြားနှင့်အတူဖမ်းဆီးရမိသူအား တောင်ဥက္ကလာပမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here