ဖိလစ်ပိုင်မြို့တော်အနီးမီးလောင်၊ ခုနစ်ဦးသေ

0
117

မနီလာ၊ဧပြီ ၉

ဖိလစ်ပိုင်မြို့တော်အနီးတွင် ဧပြီလ ၈ ရက်နေ့ညနေကမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ကလေးနှစ်ဦးအပါအဝင် စုစုပေါင်းခုနစ်ဦးသေဆုံးကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

အဆိုပါမီးလောင်ကျွမ်းမှုသည် မနီလာမြို့အရှေ့တောင်ဘက်ရှိ လူနေထူထပ်သောမြို့နယ်တွင်ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၄၀ မီးလောင်ကျွမ်းပျက်စီးခဲ့သည်ဟုလည်းဆိုသည်။

ရှည်လျားကျဉ်းမြောင်းသောလမ်းသွယ်လေးထဲမှဝင်သွားရပြီး အိမ်ခြေပြွတ်သိပ်နေသည့်နေရာမှ အိမ်တစ်အိမ်တွင်နေထိုင်ကြသော မိသားစုပေါင်းများစွာ မီးဘေးသင့်ခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

မီးဘေးသင့်သူများထဲတွင် နှစ်နှစ်အရွယ်မိန်းကလေးတစ်ဦးနှင့် ၁၂ နှစ်အရွယ် ယောကျာ်းလေးတစ်ဦးလည်းသေဆုံးခဲ့ကြောင်းသိရသည်။၎င်းတို့သည်ပိတ်မိနေပြီး အချိန်မီမရှောင်နိုင်ခဲ့ကြခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

“ကလေးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ဖက်လျက်သားလေးသေဆုံးနေကြတာကိုတွေ့ခဲ့ရပါတယ်” ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့ပြီး မီးလောင်ကျွမ်းမှုမှပြိုကျလာသော အပျက်အစီးများကြောင့် အနည်းဆုံးလူတစ်ဦးထိခိုက်ဒဏ်ရာလည်းရခဲ့သည်ဟုဆိုသည်။

အဆိုပါမီးလောင်ကျွမ်းမှုကြောင့် မိသားစုပေါင်း ၆၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်းလည်းသိရသည်။ မီးလောင်ကျွမ်းမှုအား နှစ်နာရီနီးပါး ကြိုးစားငြှိမ်းသတ်ခဲ့ရသည်ဟုလည်းဆိုကြပြီး အိမ်တစ်အိမ်အိမ်မှ ဝါယာရှော့ခ်ဖြစ်ချင်းကြောင့် မီးလောင်ရခြင်းဖြစ်နိုင်ကြောင်းလည်းခန့်မှန်းထားကြသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here