မူဆယ်မြို့တွင် လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0
279

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ အိုက်ကော(ခ)လောက်အယ် ၏နေအိမ်ကို ဧပြီလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်က ၀င်ရောက်ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရာ ဂွမ်းမိုင်(ခ)မာဂွမ်း၊ အဆာဖ နှင့် ဇော်လတ်တို့ ၃ ဦးအား M 21 ရိုင်ဖယ်(၁၃)လက်၊ ပါရီအမျိုး အစား 81 ရိုင်ဖယ်ဒင်ခေါက်(၁)လက်၊ .22 Sniper ပါ(၁)လက်၊ ၁၂ ဗို့ ၁ လုံးထိုးပြောင်းချောသေနတ်(၁)လက်၊ လက်လုပ်သေနတ်ဒင်ခေါက်(၁)လက်၊ ၇.၆၂ x ၃၉ကျည်(၈၉)တောင့်၊ ကြိုးဆွဲလက်ပစ်ဗုံး(၁)လုံး၊ ကျည်အိမ် မျိုးစုံ (၁၅)ခု၊ လက်နက်ပြုပြင်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့အား စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ အိုက်ကော(ခ)လောက်အယ် ပိုင်ဆိုင်သည့်နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၀၅၀ ပြား၊ ကက်တမင်း ၈ ဂရမ်၊ စိတ်ပြောင်းဆေးဝါး Happy Water ၉၉ ဂရမ်၊ ကျည်မျိုးစုံ ၂၉ တောင့်နှင့် ဆက်စပ်ပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ထို့ကြောင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here