သခင့်စွန့်ပစ်ခံခွေးကလေးဘဝမှ ဆုတံဆိပ်ရရဲခွေးဖြစ်လာ

0
408

သခင့်စွန့်ပစ်မှုကိုခံခဲ့ရပြီး လမ်းပေါ်လျှောက်သွားနေရသည့် ခွေးလေးသည် ယခုအခါ ဆုတံဆိပ်ရရဲခွေးလေးဖြစ်လာကြောင်းသိရသည်။ PD Buzz အမည်ရှိအဆိုပါခွေးကလေးအား ၂၀၂၁ ခုနှစ်က လမ်းပေါ်တွင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

၎င်းအားစတင်တွေ့ရှိချိန်၌ လည်ပတ်၌သခင်ဖြစ်သူ၏လိပ်စာပါရှိသော်လည်း စုံစမ်းကြည့်သောအခါ ၎င်းတို့မလိုချင်တော့သဖြင့် စွန့်ပစ်လိုက်ခြင်းဖြစ်ပြီး ခွေးဂေဟာသို့သာပို့ရန်ဆိုခဲ့ကြသည်။သို့သော် အဆိုပါခွေးကလေး၏ ကံဆိုးမှုများသည်ကြာရှည်မခံခဲ့ပေ။

ခွေးကလေး PD Buzz သည် ရဲခွေးတစ်ကောင်ဖြစ်လာနိုင်သည့် ၎င်း၏စွမ်းရည်များကိုပြသနိုင်ခဲ့ပြီး ၎င်းတာဝန်စတင်ထမ်းဆောင်ချိန်မှ ၁၂ လအတွင်း ဖမ်းဆီးမှု ၂၆ မှု၊ရှာဖွေမှု ၇၁ ခုနှင့် ပျောက်ဆုံးနေသူများကိုလိုက်လံရှာဖွေမှု ၃၈ မှုတို့ဖြင့် ရဲတပ်ဖွဲ့များအားကူညီပေးနိုင်ခဲ့သည်ဟုဆိုသည်။

ယင်းနောက် တစ်ချိန်ကသခင်ဖြစ်သူ၏စွန့်ပစ်ခြင်းခံရပြီး အချစ်မခံခဲ့ရသည့် ခွေးကလေးသည် South Yorkshire ရဲတပ်ဖွဲ့၏ တစ်နှစ်တာအကောင်းဆုံးတိရစ္ဆာန်ဆုကိုပင်ရရှိခဲ့သည်။ပြီးခဲ့သည့်နှစ်အောက်တိုဘာကလည်း PD Buzz သည် အမျိုးသားတစ်ဦး၏ခြိမ်းခြောက်ခြင်းခံနေရသည့် အမျိုးသမီးနောက်သို့အနံ့ခံလိုက်ကာ အဆိုပါအမျိုးသားအားဖမ်းဆီးနိုင်အောင်ကူညီပေးခဲ့သည်ဟုဆိုသည်။

အဆိုပါခွေးကလေးအား ထိန်းကျောင်းပေးရသည့်ရဲအရာရှိကလည်း ၂၀၂၂ တွင် PD Buzz အားလေ့ကျင့်ပေးရသည့် ထရိန်နာတစ်ဦးဖြစ်လာခဲ့ပြီး ၎င်းတို့နှစ်ဦးကြားသံယောဇဉ်သည် ခိုင်မာကြောင်းဆိုကာ ခွေးကလေး၏ယခင်ကကံဆိုးမှုများသည် ၎င်း၏သစ္စာစောင့်သိမှုနှင့် ကာကွယ်နိုင်စွမ်းအပေါ် မသက်ရောက်နိုင်ဟုဆိုခဲ့သည်။

“ကျွန်တော်နဲ့ PD Buzz က အပြန်အလှန်လေးစားမှုရှိတယ်၊ဖြစ်လာသမျှအမှုတွေကိုလည်း တကယ့်ကိုကြိုးစားပမ်းစားနဲ့တပ်ဖွဲ့ဝင်တွေအချင်းချင်းပူးပေါင်သလိုမျိုး ပူးပေါင်းဆောင်ရွက်ပါတယ်” ဟုလည်းပြောကြားခဲ့သည်။

Source : Daily Mail


LEAVE A REPLY

Please enter your comment!
Please enter your name here