လမ်းဖြတ်ကူးသူကို ကားဖြင့်ဝင်တိုက်ပြီး မောင်းပြေးမှု သာကေတမြို့နယ် ရှုခင်းသာ လမ်းမကြီးပေါ်တွင်ဖြစ်ပွား

0
169

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ရှိ ရှုခင်းသာလမ်းမကြီးပေါ်တွင် ဧပြီ (၉)ရက်ည (၉) နာရီခန့်က လမ်းဖြတ်ကူးသည့် အသက်(၆၀)နှစ်အရွယ် အမျိုးသားတစ်ဦးအား ကားတစ်စီးမှ ဝင်တိုက်ကာ မောင်းနှင်ထွက်ပြေးသွားသည် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

“ရှုခင်းသာ လမ်းမကြီးပေါ်က MOEE ဝင်းရှေ့မှာ ဖြစ်သွားတာပါ။ လမ်းဖြတ်ကူးနေတုန်း ဝင်တိုက် သွားတာ၊ တိုက်တဲ့ကားက မောင်းပြေးသွားတယ်” ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၏ သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

ကားဖြင့်တိုက်ခံရသည့် အမျိုးသားတွင် ဦးခေါင်း၌ ထိခိုက်ဒါဏ်ရာရရှိခဲ့သဖြင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် အောင်နိုင်သူ လူမှုကူညီရေးအသင်းကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here