ထိုင်းနိုင်ငံ၌ သွားရောက်လေ့ကျင့်မည့် ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသား ယူ -၂၃ အသင်း၏ ကစားသမား (၂၆) ဦး၏ အမည်စာရင်း ထုတ်ပြန်

0
270

(၃၂) ကြိမ်မြောက် မြန်မာ့လက်ရွေးစင် အမျိုးသား ယူ -၂ ၃ အသင်း၏ ပဏာမ ကစားသမား (၂၆) ဦးကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ မြန်မာ ယူ -၂၃ အသင်းသည် ယနေ့ ဧပြီလ (၁၀) ရက်မှစတင်ကာ ထိုင်းနိုင်ငံတွင် သွားရောက်လေ့ကျင့်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပဏာမ ကစားသမား (၂၆) ဦးအား မြန်မာနေရှင်နယ်လိဂ် ကလပ်များမှ လူငယ်ကစားသမားများကိုရွေးချယ်ထားပြီး ထိုင်းနိုင်ငံ၌ နေထိုင်လေ့ကျင့်မှုများပြုလုပ်ပြီးနောက် ထိုင်းလိဂ်ကလပ်အသင်းများနှင့်ခြေစမ်းပွဲများယှဥ်ပြိုင်ပြီးချိန်တွင် အပြီးသတ်ကစားသမားများအား ရွေးချယ်သွားမည် ဖြစ်သည်။

လက်ရှိ ရွေးချယ်ထားသည့် မြန်မာလက်ရေးစင် အမျိုးသား ယူ-၂၃ အသင်း ပဏာမ (၂၆) ဦးစာရင်းမှာ ဂိုး-ပြည့်ဖြိုးသူ(ရတနာပုံ FC)၊ ချစ်မင်းထွေး(ISPE FC)၊ ဟိန်းထက်စိုး(ဧရာဝတီယူနိုက်တက် FC) ၊ နောက်တန်း- ရှင်းသန့်အောင် (ဟံသာဝတီ ယူနိုက်တက်) ၊ ကောင်းထက်ပိုင် (ရတနာပုံ FC)၊ ထူးမြတ်ခန့်(ကချင် ယူနိုက်တက်)၊ သူရကျော်(ရတနာပုံ FC)၊ လတ်ဝေဘုန်း(ရှမ်း ယူနိုက်တက်)၊ ကျော်သီဟဇော်(ISPE FC)၊ သက်ဟိန်းစိုး (ရတနာပုံ FC)၊ ဥာဏ်လင်းထက် (ရန်ကုန် ယူနိုက်တက်)၊နောင်နောင်စိုး(ရတနာပုံ FC)၊ အလယ်တန်း-အောင်မျိုးခန့်(ရတနာပုံ FC)၊အာကာကျော်(မဟာ ယူနိုက်တက်)၊ရန်ကျော်စိုး၊ဇော်ဝင်းသိန်း၊ဥက္ကာနိုင်(ရန်ကုန် ယူနိုက်တက်)၊ရဲရင့်ဖြိုး(ဧရာဝတီ ယူနိုက်တက်)၊စိုးမင်းဦး(မြဝတီ FC)၊ခွန်ကျော်ဇင်ဟိန်း(ဟံသာဝတီ ယူနိုက်တက်)၊စွမ်းထက် (ရတနာပုံ FC)၊ပိုင်ထက်ကိုကို(ရခိုင် ယူနိုက်တက်)၊ ရှေ့တန်း – ချမ်းအေး(ရတနာပုံ FC)၊ ညီညီ(ကချင် ယူနိုက်တက်)၊အောင်သီဟ (ဧရာဝတီ ယူနိုက်တက်)၊ သန်းတိုးအောင် (GFA FC) တို့ ပါဝင်ကာ နည်းပြချုပ်အဖြစ် ဂျာမနီနိုင်ငံ သား မိုက်ကယ် ဖိုက်တန်ဘိုင်နာက တာဝန်ယူကိုင်တွယ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်၌ မလေးရှားကလပ် ဆီလန်ဂေါအသင်းတွင် ဝင်ရောက်ကစားနေသည့် ဟိန်းထက်အောင် ပါဝင်လာခြင်းမရှိသေးဘဲ ဆီးဂိမ်းစ်ပြိုင်ပွဲနီးမှသာ မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းနှင့်လာရောက်ပူးပေါင်းမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here