မုဒုံမြို့တွင် အသက် (၈) နှစ်အရွယ် ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
184

မွန်ပြည်နယ်၊ မုဒုံမြို့တွင် အသက် (၈) နှစ်အရွယ် ကလေးငယ်တစ်ဦး ရေနစ်သေဆုံးမှု ယနေ့ (ဧပြီ ၁၀) ညနေပိုင်းက ဖြစ်ပွားခဲ့သည်။

မုဒုံမြို့ နိုင်းပြိုင်ကျေးရွာတွင် ယနေ့ ညနေ ၅ နာရီ ၅၀ မိနစ်ခန့်က (၈) နှစ်အရွယ် ကလေးငယ်တစ်ဦး ရေနစ်နေကြောင်း သတင်းပေးပို့လာသည့်အတွက် မုဒုံအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့(MERT) မှ အခင်းဖြစ်ပွားရာသို့ သွားရောက်ခဲ့သည်။

” ရေကူးရင်းဖြစ်တာလား၊ ဘယ်လိုဖြစ်တာလဲတော့ မသိရသေးဘူး၊ ကျွန်တော်တို့ သိတဲ့အချိန်မှာ တစ်နာရီကျော်နေပြီ ကျွန်တော်တို့ ရှေးဦးပြုစုကုသမှုပေးတယ်၊ လမ်းတစ်လျောက်လုံးမှာလည်း လုပ်လာပေမယ့် ဆေးရုံကတော့ အသက်မရှိတော့ဘူးလို့ အတည်ပြုပါတယ် ” ဟု မုဒုံအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့ (MERT) မှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

အဆိုပါဖြစ်စဉ်တွင် သေဆုံးကလေးငယ်၏ မိသားစုနှင့်လည်း အဆက်အသွယ်ရပြီဖြစ်ကာ မုဒုံပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – မုဒုံအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here