ယူရေနီယံပါဝင်သော လက်နက်များ ထောက်ပံ့ပေးခြင်းဖြင့် ဗြိတိန်သည် ယူကရိန်းကို မီးလောင်မြေဖြစ်စေချင်နေကြောင်း ရုရှားဆို

0
134

ဗြိတိန်နိုင်ငံသည် ယူရေနီယံပါဝင်သော လက်နက်ခဲယမ်းများအား ယူကရိန်းသို့ ထောက်ပံ့ပေးနေခြင်းဖြင့် ယူကရိန်းပိုင်နက်များကို မီးလောင်မြေအဖြစ် ပြောင်းလဲသွားစေရန်ပြုလုပ်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မာရီယာဇခါရိုဗာ့က ပြောကြားလိုက်သည်။

ယူရေနီယံပါဝင်သော လက်နက်ခဲယမ်းများကြောင့် စစ်သည်တို့၏ ကျန်းမာရေးထိခိုက်မှုဖြစ်စေခြင်းမှာ နည်းပါးလှကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အပေါ် ဦးတည်၍ မာရီယာက ထိုသို့ပြောကြားလိုက်ခြင်းဖြစ်သည်။

အဆိုပါ လက်နက်ခဲယမ်းမျိုးကို နေတိုးစစ်အုပ်စု၏ စစ်ဆင်ရေးများတွင် အမြောက်အများ ထုတ်လုပ်အသုံးပြုခဲ့ကြောင်းကိုလည်း မာရီယာက ပြောသည်။ “နေတိုးစစ်အုပ်စုမှာ အတိုင်းအတာတစ်ခုအထိ အဲဒီလို လက်နက်ခဲယမ်းတွေနဲ့ စစ်ဆင်ရေးတွေကို အီတလီစစ်မှုထမ်းတွေက လုပ်ဆောင်ခဲ့ပါတယ်။ ယူဂိုဆလားဗီးယားမှာ ပျက်စီးခဲ့တဲ့ဒေသတစ်ဝက်ကျော်ဟာ အဲဒီ အီတလီစစ်မှုထမ်းတွေ တာဝန်ကျခဲ့တဲ့ ဧရိယာတွေဖြစ်ပြီး အဲဒီလက်နက်ခဲယမ်းတွေနဲ့ ပစ်ခတ်ဖျက်ဆီးခဲ့ကြတာပါ”ဟုလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မာရီယာဇခါရိုဗာ့က ဖြည့်စွက်ပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here