ဂျပန်တက္ကသိုလ်များတွင် ကျောင်းသားများ၏ ChatGPT အသုံးပြုခွင့်ကို ကန့်သတ်လာ

0
311

ဂျပန်နိုင်ငံရှိ တက္ကသိုလ်များသည် ၎င်း၏ ကျောင်းသားများက ChatGPT ကဲ့သို့သော အေအိုင်အခြေပြု ဆော့ဝဲလ်များအား အလွန်အကျွံ အသုံးပြုလာနေသည့်အပေါ် ကန့်သတ်ချက်များ ချမှတ်ကာ အရေးယူဆောင်ရွက်လာနေကြောင်း သိရသည်။

ChatGPT ထွက်ပေါ်လာချိန်မှစ၍ ကမ္ဘာအနှံ့ရှိ ကျောင်းသားများသည် စာမေးပွဲများနှင့် ဘွဲ့ဒီဂရီ ရရှိရေးအတွက် ရေးသားရမည့် စာစီစာကုံးများနှင့် အခြား စာရွက်စာတမ်းများတွင် မိမိကိုယ်တိုင် အားထုတ်၍ ရေးရမည့်အစား ChatGPT ကဲ့သို့သော ဆော့ဝဲလ်များကို အသုံးပြု၍ ရေးသားလာခဲ့ကြသည်။

ထို့ကြောင့် ဂျပန်နိုင်ငံရှိ ဆိုဖီလာယာ တက္ကသိုလ်က မတ်လ ၂၇ နေ့တွင် ၎င်း၏ တရားဝင် ဝက်ဘ်ဆိုက်ဒ်ပေါ်၌ ထိုကိစ္စနှင့် ပတ်သက်၍ စည်းကမ်းချက်များ ထုတ်ပြန်ခဲ့သည်။ “ဆရာ၊ ဆရာမတွေရဲ့ ခွင့်ပြုချက် မရဘဲ ChatGPT နဲ့ အခြား အေအိုင် ဆော့ဝဲလ်ကနေ ထုတ်ပေးတဲ့ စာသား၊ ပရိုဂရမ် ကုဒ်နဲ့ တွက်ချက်မှု ရလဒ်တွေကို ဆန်းစစ်ဝေဖန်ရေး စာတမ်းတွေ၊ အစီရင်ခံစာတွေ၊ စာစီစာကုံးတွေနဲ့ သုတေသနစာတမ်းတွေမှာ လုံးဝအသုံးပြုခွင့် မရှိပါဘူး။ စစ်ဆေးတွေ့ရှိပါက ပြင်းထန်စွာ အရေးယူသွားပါမယ်” ဟု ဝက်ဘ်ဆိုက်ဒ်ပေါ်တွင် ရေးသားထားသည်။
 
တက္ကသိုလ်များသည် အဆိုပါပြဿနာနှင့် ပတ်သက်၍ ဆရာ၊ ဆရာမများကပါ အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။ အချို့ကလည်း ကျောင်းသားများ စာရွက်စာတမ်း လာအပ်ချိန်တွင် နှုတ်ဖြေ စာမေးခွန်းပါ တစ်ခါတည်း စစ်ဆေးရန် အကြုံပြုထားကြောင်း သိရသည်။

Source: Japan News


LEAVE A REPLY

Please enter your comment!
Please enter your name here