ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းသို့ အိမ်စီးကားဖြင့် သယ်လာသည့် ငွေကျပ်သိန်း ၄၂၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွ ဆေးပြားများ ဖမ်းဆီးရမိ

0
362

ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းသို့ အိမ်စီးကားဖြင့် သယ်လာသည့် ငွေကျပ် သိန်း ၄၂၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွ ဆေးပြား ၃ သိန်းဝန်းကျင်ကို နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ (၈) ရက်ညနေ (၅) နာရီခန့်က နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ပင်လောင်း – တပ်ကုန်းသွားကားလမ်းပေါ်ရှိ ကင်းသာစစ်ဆေးရေးဂိတ်တွင် ပင်လောင်းဘက်မှ တပ်ကုန်းဘက်သို့ ယာဉ်မောင်း သန်းဦး မောင်းနှင်ကာ ကျော်ကျော်လွင်(ခ)ကျော်လွင်နှင့် သန်းစုဇော်တို့လိုက်ပါလာသည့် Surf ကားအား သတင်းအရရှာဖွေရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ ယာဉ်‌ပေါ်မှ ရန်ကုန်တိုင်းအတွင်း သင်္ကြန်ပွဲတော်ကာလတွင် လူငယ်များအား ရောင်းချရန် ရှမ်းပြည်နယ်မှ သယ်ဆောင်လာသည့် ငွေကျပ်သိန်း ၄၂၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၈၂၇၅၀ ပြားအား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူများအား သက်ဆိုက်ရာ ရဲစခန်း၌ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here