အရက်စွဲလို့ လက်ဗရာဒေါခွေးလေး ဆေးကုသမှု ခံယူနေ

0
302

ဗြိတိန်နိုင်ငံ ပလစ်မတ်သ်မြို့က တိရစ္ဆာန်အထူးကုတွေဟာ အရက်အလွန်အကျွံစွဲနေတဲ့ လက်ဗရာဒေါ ခွေးလေးရဲ့ အသက်ကို အသည်းအသန် ကယ်ဆယ်ခဲ့ရတယ်လို့ သိရပါတယ်။

ကိုးကိုး လို့ခေါ်တဲ့ ၂ နှစ်သားအရွယ် လက်ဗရာဒေါခွေးလေးဟာ အရက်စွဲတဲ့ ပြဿနာကြောင့် အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရပြီး တစ်လတိတိ မျက်ခြေမပြတ် ဂရုတစိုက် စောင့်ကြည့် ကုသခံခဲ့ရပါတယ်။

ပလစ်မတ်သ် မြို့မှာရှိတဲ့ ဝုဒ်ဆိုဒ် တိရစ္ဆာန် ပြုစုစောင့်ရှောက်ရေး အဖွဲ့အစည်းက ဝန်ထမ်းတွေဟာ ကိုးကိုးနဲ့ အခြားခွေးတစ်ကောင်ကို သူတို့ရဲ့ သခင် ဆုံးပါးသွားပြီးနောက် ခေါ်ယူစောင့်ရှောက်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့သတိမထားမိက အဲဒီ ခွေးနှစ်ကောင်ဟာ အရက်စွဲနေတယ်ဆိုတာပါပဲ။

ကိုးကိုးရဲ့ သခင်ဟာ အရက်ကြိုက်နှစ်သက်သူဖြစ်ပြီး ညဘက် အိပ်ရာမဝင်ခင်တိုင်း သောက်မကုန်တဲ့ အရက်ပုလင်းကို အိမ်အပြင်ဘက်မှာ အဖုံးမပိတ်ဘဲ ချန်ထားခဲ့လေ့ရှိပါတယ်။ အဲဒီလိုနဲ့ သခင်မေ့ကျန်ခဲ့တဲ့ အရက်တွေကို ကိုကိုးတို့ ခွေးနှစ်ကောင်က ယူသောက်မိရင်း အရက်စွဲသွားခဲ့တာပါ။ ဘယ်လောက်ထိ အရက်စွဲသွားခဲ့လဲဆိုရင် ကိုးကိုးနဲ့ အတူပါလာတဲ့ အခြားခွေးတစ်ကောင်ကတော့ အရက်ဖြတ်ရင်း အသက်ဆုံးရှုံးသွားပါတယ်။

အခုဆိုရင်တော့ ကိုးကိုးရဲ့ ကျန်းမာရေးဟာ အတော်လေး ပြန်လည်ကောင်းမွန်လာနေပါပြီလို့ ဝန်ထမ်းတွေက ပြောပါတယ်။ ဒါပေမယ့် မွေးစားခံဖို့အတွက် အဆင့်မဖြစ်သေးခင် အရက်စွဲရောဂါကို အမြစ်ပြတ် ကုသဖို့ လုပ်ဆောင်ရမယ့် အရာတွေ ရှိနေသေးတယ်လို့လည်း သိရပါတယ်။

Source: Odditycentral


LEAVE A REPLY

Please enter your comment!
Please enter your name here