အာဖဂန်၌တာလီဘန်များက အမျိုးသမီးများအား လေဟာပြင် စား‌သောက်ဆိုင်ထိုင်ခွင့်ပိတ်

0
135

အာဖဂန်နစ္စတန်ပြည်နယ်ရှိ လေဟာပြင် စားသောက်ဆိုင်များတွင် မိသားစုများနှင့်အမျိုးသမီးများဆိုင်ထိုင်စားမှုကို တာလီဘန်များကတားမြစ်ခဲ့ပြီး ၎င်းတို့အာဏာရလာချိန်မှစ၍လည်း ကန့်သတ်ချက်အချို့ကိုထပ်မံထည့်သွင်းခဲ့သည်။

အနောက်မြောက်ပိုင်းဟယ်ရတ်ပြည်နယ်၌ ပန်းခြံများနှင့် မြက်ခင်းပြင်များပါသော လေဟာပြင် စားသောက်ဆိုင်များတွင် အမျိုးသမီးများနှင့် မိသားစုများ ဆိုင်ထိုင်စားသောက်မှုကို ကန့်သတ်ထားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးကအတည်ပြုပြောကြားခဲ့သည်။

ယခုကဲ့သို့ ကန့်သတ်ရခြင်းသည် ဘာသာရေးဆရာများက အများနှင့်သက်ဆိုင်သည့် စားသောက်ဆိုင်
နှင့် ပန်းခြံကဲ့သို့သောနေရာများ၌ အမျိုးသား၊အမျိုးသမီးရောထွေးနေခြင်းကို မနှစ်မြို့ကြောင်းတိုင်ကြားစာများရရှိသဖြင့် ပြုလုပ်ရခြင်းဖြစ်သည်ဟုဆိုသည်။

တာလီဘန်များအာဏာမရခင်က ယခင်ရှေးရိုးစွဲအယူအဆများအတိုင်း အမျိုးသမီးများအပေါ်ဖိနှိပ်မှုများရပ်တန့်မည်ဟုကတိပေးထားသော်လည်း နောက်ပိုင်းတွင် အမျိုးသမီးအခွင့်အရေးများကိုတဖြည်းဖြည်းတင်းကျပ်ကန့်သတ်လာကြသည်။

၎င်းတို့အာဏာရရှိပြီးနောက် အမျိုးသမီးများအား ဆဋ္ဌမတန်းထက်ပို၍စာမသင်စေဘဲ တက္ကသိုလ်၊အထက်တန်းကျောင်းများကနေပါ ထုတ်ပယ်လာကြသည်။

ယင်းမတိုင်ခင်ကလည်း ပြည်တွင်းပြည်ပအင်န်ဂျီအိုအဖွဲ့များ၌ အမျိုးသမီးများအားအလုပ်မခန့်ရန်နှင့် ခန့်ထားပါကထုတ်ပယ်ပစ်ရန်လည်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

Source :Daily Mail


LEAVE A REPLY

Please enter your comment!
Please enter your name here